Category Archives: Critiques

“သွေးသံရဲရဲ မီးတောက်မီးလျှံတွေကြားက ရခိုင်တွေကို ထားခဲ့ပြီး . . .”

ကျွန်တော်တော့ရှက်တယ် ခုတော့လဲ သွားပြီတဲ့ . . . . . ကျွန်တော်ဟာ လက်သီးပုန်းသမားမဟုတ်တဲ့အတွက် ပြောင်ပြောင်ပဲ ရေးလိုက်ပြန်ပြီ။ တိုင်းပြည်ရဲ့ အနောက်ခြမ်း မီးလောင်နေတဲ့အချိန်၊ ရခိုင်အမျိုးသားတွေရဲ့ ငိုညည်းသံတွေလျှံတက်နေတဲ့အချိန်မှာ ကမ္ဘာ့အဆင့်အတန်းဝင်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘာမှမဖြစ်သလို ဆွေမျိုးတွေ ကျေးဇူးရှင်တွေရှိရာကို အလည်အပတ်ထွက်သွားပါပြီ။ တိုင်းပြည်အတွက် အရေးကြီးတဲ့ကိစ္စဆိုတာကတော့ အများသိတဲ့အတိုင်း ဘာမှမပါတဲ့ခရီးပါ။ ဘာလို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်ကို တကယ်ကိုယ်စားပြုတဲ့အစိုးရ၊ အဲဒီအစိုးရကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်မဟုတ်၊ တိုင်းပြည်အတွက် ဘာအစီအစဉ်ကိုမှ ကိုယ်စားပြုပြီး သွားတဲ့သူမဟုတ်လို့ပါပဲ။ အဲ၊ … Continue reading

Posted in Critiques | Leave a comment

အသားထဲက လောက်မထွက်ပါစေနဲ့

“ဒီမနက် ကျက်သရေမရှိဆုံး အသံလွှင့်ဆွေးနွေးခန်း” ခေါ်တောအရေး ဗွီအိုအေ အပတ်စဉ်ကြိုးစား ဒီလိုရေးလိုက်ရတာ တကယ်ကို စိတ်မကောင်းပါဘူးဗျာ၊ ဗွီအိုအေ မြန်မာဌာနရဲ့အကြီးအကဲ ဦးသန်းလွင်ထွန်းဟာ ကျနော်နဲ့ခင်မင်ရင်းရှိတဲ့ မိတ်ဆွေတစ်ယောက်ပါ။ ဒါပေမဲ့ သူက အခု “ခေါ်တော ပရိုမိုးရှင်း” လုပ်လာတဲ့အတွက် ကျနော် အမှန်ပဲ စိတ်မကောင်းပါဘူး။ ဘာလို့ ဒီအထိ ပြောလိုက်ရသလဲဆိုတော့ ဒီ ဝပ်ကာ အူဒင်ဆိုတဲ့ အမေရိကန်ခေါ်တောအဖွဲ့ရဲ့ဥက္ကဋ္ဌနဲ့ ဆွေးနွေးခန်းကို ပြီးခဲ့တဲ့အပတ်ထဲကလဲ ထုတ်လွှင့်ခဲ့ပြီးသားမို့ပါ။ ဒီခေါ်တောကိစ္စကို ကိုင်တွယ်မယ်ဆိုရင် မြန်မာတွေဖက်က ရခိုင်တွေဖက်ကလဲ အသေအချာထည့် စဉ်းစားဖို့လိုပါတယ်။ သာမန်အသိကလေးနဲ့ လူပြောသူပြောလေးနဲ့တင် … Continue reading

Posted in Critiques | Leave a comment

ဘယ်ထိအောင်လျှော့မလဲ စိန်စိန်

“မယောင်ရာဆီလူးလို့ကောင်းနေတဲ့ စုစု နဲ့ သောင်းပြောင်းများ” သုံးရက်တောင် စောင့်ကြည့်လိုက်တယ်၊ အဖွဲ့ချုပ်က လွှတ်တော်မတက်တော့ဘူးလို့ စဟစ်တဲ့နေ့ကစလို့ပေါ့။ လွှတ်တော်တက်ရင် ကျမ်းသစ္စာကျိန်ဆိုရမယ်၊ “ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်” လို့ ကျိန်ရမယ်။ မကျိန်နိုင်ဘူး၊ ဒီဥပဒေကို အစကတည်းက လက်မခံခဲ့တာ ဘာလို့ကာကွယ်စောင့်ရှောက်ရမှာလဲ။ ဘယ်သူကဖျက်မလဲ ဖျက်ပေါ့၊ ကိုယ်လဲ ကြိုးစားဖျက်မှာပဲ။ အော် . . .  ဒီလိုလား။ “ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို လေးစားလိုက်နာပါမည်” ဒီလိုပြောင်းပေးရင် ကျမ်းကျိန်ပေးမယ်၊ အဲဒီလို ပြောင်းလဲပေးလို့လဲ ပါတီမှတ်ပုံတင်ခဲ့တယ်။ ခုလဲ အဲဒီအတိုင်း ပြောင်းလိုက်ပါ။” အင်း၊ ဒီလိုလား။ ဟုတ်ပြီလေ။ ကဲ၊ ကျနော်ကပဲ … Continue reading

Posted in Critiques | 1 Comment

“သမိုင်းကို ပြောင်းပြန်လှန်ချင်ရင် ဖုံးသမျှ ကုန်းကာမှ ပေါ်ကုန်ကြမယ်၊ သတိ”

“ရယ် ရယ်ချင်သေးတော့ ဘီဘီစီက ကိုသိန်းမြတ်ရေ” “မြန်မာလား ဗမာလား” တဲ့။ မေးမြန်းတဲ့ပညာရှင်က ၂ ယောက်၊ တစ်ယောက်က ဆရာမောင်သာနိုး၊ နောက်တစ်ယောက်က အမေရိကန်နိုင်ငံ အီလီနွိုက်စ်တက္ကသိုလ်က မြန်မာစာပါမောက္ခ ဆရာဦးစောထွန်း။ ဆရာဦးသာနိုးက အိန္ဒိယအဆက်အစပ်နဲ့ အိန္ဒိယယဉ်ကျေးမှုကို ဇောင်းပေးပြီး ဗမာသာ အမှန်တဲ့၊ ဗမာသာလျှင် တိုင်းရင်းသားတွေပါ အကုန်လွှမ်းခြုံတဲ့ နာမည်တဲ့။ မြန်မာဆိုတာက “ခင်ဗျားတို့ ကျနော်တို့လို မန္တလေး ရန်ကုန် မြေပြန့်နေလူတွေကိုပဲ ခေါ်တာ” တဲ့။ ဒို့ဗမာအစည်းအရုံး သီချင်းတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ရံသွားလေရဲ့။ … Continue reading

Posted in Critiques | Leave a comment

“ဒေါ်အောင်ဆန်းစုကြည်နဲ့ အနောက် လက်ဝါးခြင်းသိပ်မရိုက်ကြဖို့”

“မြန်မာတွေလဲ တော်ဝင်မျိုးဖြစ်ကုန်ကြပါရောလား ကရို့” မြန်မာသတင်းလောကမှာ မနေ့က ဗြိတိန်ဝန်ကြီးချုပ် မစ္စတာဒေးဗစ် ကင်မရွန်း နေပြည်တော်နဲ့ ရန်ကုန်မှာ လုပ်ကိုင်ပြောဆိုတာတွေနဲ့ လွှမ်းသွားပါတယ်။ သူက ပိတ်ဆို့မှုတွေကို လုံးဝရုပ်သိမ်းဖို့ထက် ဆိုင်းငံ့ထားဖို့ပဲ လုပ်သင့်တယ်လို့ သမတကြီးဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို တွေ့ဆုံအပြီးမှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အစ်မကြီး ဒေါ်အောင်ဆန်းစုကြည်ကလဲ ဒါကိုသဘောတူပါတယ်တဲ့။ ကျနော် စစ်အစိုးရကို သူတို့လုပ်တာတိုင်းကို မဆန့်ကျင်ခဲ့ပေမဲ့ ဘယ်တုန်းကမှ မထောက်ခံခဲ့ပါဘူး။ ဒီလိုပါပဲ၊ အတိုက်အခံတွေ အထူးသဖြင့် အဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကိုလဲ အသေမထောက်ခံပါဘူး၊ ထောက်ခံစရာတွေ့ရင် ထောက်ခံပါတယ်။ သဘောမတူတာ၊ ပြည်သူအတွက် … Continue reading

Posted in Critiques | Leave a comment

“အခုသင်္ဘောကြီးကောင်းသွားပြီ အသက်ကယ်လှေရေ့ တာ့တာ”

“သာကူးများ ခြေသွက်ပုံဖြင့် မန်ချက်စတာယူနိုက်တက်က အဖေခေါ်ရ” ဒေါက်တာ မြဉာဏစိုး ဦးကြီးမြင့် ဒေါက်တာသန်းဝင်း ဦးခင်မောင်ဝင်း . . . . . . . . . . . . မိနစ်ပိုင်းလောက်ကပဲ ဂျပန်မိတ်ဆွေတစ်ယောက်က မဇ္ဈိမသတင်းဌာနက သတင်းတစ်ပုဒ်ကို ပို့လာပါတယ်။ ဦးခင်မောင်ဆွေ-ဒေါက်တာသန်းငြိမ်း ဦးဆောင်တဲ့ NDF ပါတီက ဒေါက်တာသန်းဝင်းနဲ့ ဦးခင်မောင်ဝင်းတို့ဟာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ကို ကူးပြောင်းလိုက်ကြသတဲ့။ NDF က ထွက်ပြီး ပါတီသစ်ထောင်တဲ့ ဦးကြီးမြင့်ဆိုသူကလည်း … Continue reading

Posted in Critiques | Leave a comment

“မြန်မာတွေဟာ မိမစစ် ဖမစစ်တွေ မဟုတ်ဘူး”

“ပထွေး အဖေခေါ်ချင်သူများအတွက်” အခုနက်ပေါ်မှာ ခေတ်ထလာတာ မြန်မာလား၊ ဘားမားလားတဲ့။ ဒါနဲ့ပတ်သက်လို့ ကျနော်ရေးခဲ့တဲ့ မှတ်ချက်ကိုပဲ ဒီမှာ ဖော်ပြလိုက်ပါတယ်။ ဖတ်ကြည့်ပါ။ “အံ့သြလို့မဆုံးဘူးဗျာ။ ဒီနိုင်ငံကို ကျနော်တို့ကော ကျနော်တို့ဖိုးဖွားတွေပါ ဘယ်လိုခေါ်ခဲ့တယ်ဆိုတာ မြန်မာနိုင်ငံသားတိုင်း သိပါတယ်ဗျာ။ ဒါကို စစ်အစိုးရကို မုန်းတာတစ်ခုတည်းနဲ့ အကုန် အဖြူကို အမဲလုပ်ပစ်မယ်ဆိုရင် ခင်ဗျားတို့အားလုံးဟာ ဖိုးဖွားအမွေနဲ့ လုံးလုံးမထိုက်တန်ဘူးဆိုတာလောက်တော့ သဘောပေါက်ကြပါ။ အရင်းစစ်ရင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာလို့မခေါ်နိုင်လို့ ဖားယားပြီး ဘားမားနေကြတာအပြင် ဒီလူတွေမှာ ဘာအတွေးအခေါ်မှ မရှိကြဘူး၊ ပါးစပ်အငှား ခေါင်းအငှားနဲ့ တိုင်းပြည်ကို … Continue reading

Posted in Critiques | Leave a comment