Author Archives: nyuntshwe

About nyuntshwe

A Myanmar, Buddhist, pacifist, and pragmatic person who believe that we are what we think. That leads him positive thinking and he sees the world a beautiful place, but he still likes to keep trying for a better and more beautiful world.

Global Survey Says We’re Eating Better, But Our Diet Is Still Unsustainable

Global Survey Says We’re Eating Better, But Our Diet Is Still Unsustainable.

Posted in Uncategorized | Leave a comment

“အမှိုက်တွေ အရောအနှော များများလာတဲ့ တို့ဗုဒ္ဓသာသနာ”

“အမှိုက်တွေများလာနေတဲ့ တို့ဗုဒ္ဓသာသနာ” သန့်စင်တဲ့ ဗုဒ္ဓသာသနာ (အဆုံးအမ) ကို ဖြန့်ချိတာဆိုရင်တော့ အတိုင်းအထက်အလွန် ကောင်းပါတယ်။ အဲလိုမဟုတ်ပဲ ခေတ်ရေစီးအတိုင်း အများကြိုက်တွေ လျှောက်ရေးနေရင်တော့ ဖတ်တဲ့သူအတော်များများကို အဆိပ်သင့်စေလိမ့်မယ်။ ဒါ့ကြောင့် ရေးသူတိုင်းမှာ တကယ့် အထောက်အထား ရှိစေချင်တယ်။ စရိယံသုံးပါးကိုလဲ နားလည်အောင်ကြိုးစားပါ၊ သိဒတ္ထမင်းသားဟာ စရိယံသုံးပါးထဲက ဗုဒ္ဓတ္ထစရိယံကို ဖြည့်ဆည်းစဉ် မအောင်မြင်မခြင်း အထွဋ်အထပ်မရောက်မခြင်း ဟိုနေရာဝင်ပါ ဒီနေရာဝင်ပါ တစ်ခါမှ မလုပ်ခဲ့ဘူး။ အဲဒါကို စွဲအောင်မှတ်ကြပါ။ ကာလာမသုတ်ကိုလဲ အဟုတ်သဘောပေါက်အောင် ဆင်ခြင်သုံးသပ်ပါ။ အများယောင်လို့ ယောင်နေသူများလွန်းလို့ပါ။ … Continue reading

Posted in Enlightenment . . . | Leave a comment

‘အိမ် အပြန်”

အောက်က ဝတ္ထုတိုလေးကို မှီပြီး Tie A Yellow Ribon Round An Old Oak Tree ဆိုတဲ့ သီချင်းတစ်ပုဒ် ပေါ်လာခဲ့၊ ကြော်ကြားသွားခဲ့တယ်။ ဂျပန်ပြည်မှာတော့ ကင် တကကူရဆိုတဲ့ အကျော်အမော်မင်းသားနဲ့ ရုပ်ရှင်တကား ဖြစ်သွားတယ်။ မြန်မာပြည်မှာတော့ “အိမ်ပြန်လာ တပေါင်းကလေး ချစ်စရာ နွေ” ဆိုတဲ့ စတီရီယိုတေးတစ်ပုဒ် ဖြစ်သွားပြီး ကြော်ကြားခဲ့ပြန်တယ်။ ဒီသီချင်းကို ပိ(တ်) နဲ့ အခြားတစ်ယောက် တွဲရေးတာလို့ ထင်တယ်။ လွန်ခဲ့တဲ့ ၁၄ နှစ်လောက်ကထင်တယ်၊ … Continue reading

Posted in Literary | 1 Comment

ကြိုတင်အနမ်းတွေနဲ့ . . . .

ချယ်ရီပွင့်လေးတို့ရေ မျက်ရည်ဝေဝေ တစမ်းစမ်း ရင်နင့်နင့် အလွမ်းတွေနဲ့ မပွင့်ခင် ကြိုတင်နမ်းခါ နှုတ်ဆက်ခဲ့ပါတယ်။ မွေးရပ်မြေကို ခွဲခွါ ၂၂ နှစ်ကြာကာလမှာ ၂၁ နှစ်ကျော်ဟာ ချယ်ရီမြေမှာ အိပ်စက် အိပ်မက်တွေ အိပ်မက်တွေ မက်ပြီးရင်းမက် မရေမတွက်နိုင်အောင်မက်လို့ အိမ်လွမ်းရက်တွေ ရှည်ခဲ့တာ သက်သေထူစရာ လိုဖူးထင်ပါ့ကွယ်။ ခုတော့ ကိုယ်ပြန်တော့မယ် ဘယ်နံရောခါ ပြန်ဆုံမလဲ ဒီဘုံ ဒီဘဝထဲမှာ တဝဲလည်လည် လည်ကြဦးမယ်ဆိုရင် အသေအချာပေါ့ တစ်နေ့မှာ ပြန်ဆုံမယ်။ ချယ်ရီပွင့်လေးတို့ရေ . . . မျက်ရည်တွေနဲ့ … Continue reading

Posted in Literary | Leave a comment

ခရစ္စမတ်နေ့က အပြန်

မြို့ရဲ့မီးလောင်ပြင်မှာ ညကရွာထားတဲ့မိုး နုညံ့မွေ့ညက် မြူခိုးတွေတက်နေ။ ခရစ္စမတ်သံပြိုင်တေးဟာ ထာဝရဘုရားရဲ့အသံပမာ ငါ့ရင်ထဲမှာ လင်းလက်နေရဲ့။ သူငယ်မလေးနဲ့ ငါဟာ မီးလောင်ပြင်ထဲက ဓာတ်ရထားလမ်းတလျောက် စကားမပြောပဲ တိတ်ဆိတ်စွောလျှောက်ခဲ့။        ။   စစ်ကြီးအပြီး အဦးအစ ခရစ္စမတ်ဟာ မီးကြွမ်းလောင်ထားတဲ့ ရနံတူးတူးတွေ မချိစရာတွေကြားထဲက ထာဝရဘုရားသခင်ဟာ မုန့်ချိုပွဲ တစ်ပွဲပမာ လှပလိုက်ပါဖိ သူငယ်မနဲ့ ငါဟာ ရွှံ့ညွံဗွက်တောပေါ်ကနေ ဂျွမ်းဘားမောင်မယ်များပမာ ဖြတ်ကျော်လို့လာခဲ့။      ။   ဖြတ်လို့သွားတော့ အနုမြူဗုံး မီးလောင်ပြင်ဟာ … Continue reading

Posted in Literary | Leave a comment

မြန်မာလား ဗမာလား

သခင်လား ကျွန်လား ဗမာလူမျိုးကြီးဝါဒ ဆိုတာ ပြည်ထေင်စုသားလူမျိုးကြီးဝါဒလို့ ပြောတာလား (၁) ကျည်လာရောင်းသူများ ကျေးဇူးပါ။ ကျွန်တော့်လက်ထဲ ညူကလီယာဗုံးတစ်လုံးကို တိုင်းပြည်နာမည်ဟာ Burma ပါလို့ တစာစာ စောဒကတက်နေသူတွေကိုယ်တိုင် လာထည့်ပေးသွားတာပါ။ ကျွန်တော်ထင်တယ် ၅ ရက်လောက်ရှိသွားပြီ။ ကျွန်တောလဲ ဗာဟီရလေးတွေ များနေတာနဲ့ ကဲကဲ ခမြာများ နောက်ဆုံးအီးတစ်ချက် မထွက်ခင် စိတ်ကူးယဉ်ကြပါစေဆိုပြီး လွှတ်ပေးထားလိုက်ပါတယ်။ ခုတော့ ဒီဗုံးကြီးကို ကျွန်တော့်ဆီမှာလဲ မထားချင်တဲ့အတွက် သူတို့ဖက်ကိုပဲ လှမ်းပစ်ပေးလိုက်ပါပြီ။ ဗုံးကြီးကို သေသေချာချာကြည့် နီနီရဲရဲကြီး၊ လေဘယ်က သုံးကြောင်းနဲ့။ ပေါက်မယ် တကဲကဲ၊ … Continue reading

Posted in Uncategorized | Leave a comment

“သောက်ကျိုးနည်း Burma က မှန်သလား Myanmar က မှန်သလားတဲ့ ဗျာတို့ရေ”

ပျက်အစဉ် ပြင်ခဏ (လူကြီးမင်း လူကလေးမင်းတို့ အဖားဘရိတ်အုပ်နိုင်ဖို့ . . . ) ဟောဗျာ၊ ဗိုလ်ချုပ်မသေခင်က ဦးဆောင်ရေးသွားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေကလဲ မြန်မာနိုင်ငံတော် ဆိုပါ့လား။ ဦးဝင်းတင်ပြောသလို ဗမာလို့ ဘာလို့များ မရေးခဲ့သလဲနော်။ အင်း၊ ဗိုလ်ချုပ်သာ သူ့သမီးအဖေမဟုတ်ရင် ဒီလူကြီး နဂိုကတည်းက စဉ်းစဉ်းစားစား မလုပ်ခဲ့လို့လို့ အပြစ်တင်ခံရဦးတော့မယ်။ မှတ်ထားပါ ဦးဝင်းတင်ခင်ဗျာ၊ ဗမာဆိုတာက နေ့တဓူဝသုံးတဲ့နာမည်၊ မြန်မာဆိုတာက ဗိုလ်ချုပ်တို့ခေတ်ကတည်းက ခန့်ငြားဖို့ တရားဝင်သုံးတဲ့နာမည်။ မြန်မာဆိုတာက မူလ တရုပ်ပြည်က ရွှေ့လာကတည်းက ပါလာတဲ့ နာမည်။ … Continue reading

Posted in For-my-Country | Leave a comment