Monthly Archives: January 2013

‘အိမ် အပြန်”

အောက်က ဝတ္ထုတိုလေးကို မှီပြီး Tie A Yellow Ribon Round An Old Oak Tree ဆိုတဲ့ သီချင်းတစ်ပုဒ် ပေါ်လာခဲ့၊ ကြော်ကြားသွားခဲ့တယ်။ ဂျပန်ပြည်မှာတော့ ကင် တကကူရဆိုတဲ့ အကျော်အမော်မင်းသားနဲ့ ရုပ်ရှင်တကား ဖြစ်သွားတယ်။ မြန်မာပြည်မှာတော့ “အိမ်ပြန်လာ တပေါင်းကလေး ချစ်စရာ နွေ” ဆိုတဲ့ စတီရီယိုတေးတစ်ပုဒ် ဖြစ်သွားပြီး ကြော်ကြားခဲ့ပြန်တယ်။ ဒီသီချင်းကို ပိ(တ်) နဲ့ အခြားတစ်ယောက် တွဲရေးတာလို့ ထင်တယ်။ လွန်ခဲ့တဲ့ ၁၄ နှစ်လောက်ကထင်တယ်၊ … Continue reading

Posted in Literary | 1 Comment

ကြိုတင်အနမ်းတွေနဲ့ . . . .

ချယ်ရီပွင့်လေးတို့ရေ မျက်ရည်ဝေဝေ တစမ်းစမ်း ရင်နင့်နင့် အလွမ်းတွေနဲ့ မပွင့်ခင် ကြိုတင်နမ်းခါ နှုတ်ဆက်ခဲ့ပါတယ်။ မွေးရပ်မြေကို ခွဲခွါ ၂၂ နှစ်ကြာကာလမှာ ၂၁ နှစ်ကျော်ဟာ ချယ်ရီမြေမှာ အိပ်စက် အိပ်မက်တွေ အိပ်မက်တွေ မက်ပြီးရင်းမက် မရေမတွက်နိုင်အောင်မက်လို့ အိမ်လွမ်းရက်တွေ ရှည်ခဲ့တာ သက်သေထူစရာ လိုဖူးထင်ပါ့ကွယ်။ ခုတော့ ကိုယ်ပြန်တော့မယ် ဘယ်နံရောခါ ပြန်ဆုံမလဲ ဒီဘုံ ဒီဘဝထဲမှာ တဝဲလည်လည် လည်ကြဦးမယ်ဆိုရင် အသေအချာပေါ့ တစ်နေ့မှာ ပြန်ဆုံမယ်။ ချယ်ရီပွင့်လေးတို့ရေ . . . မျက်ရည်တွေနဲ့ … Continue reading

Posted in Literary | Leave a comment