ရိုဟင်ဂျာဆိုတာ ဘယ်သူတွေလဲ

မောင်ညွန့် (မင်းကျောင်းတိုက်)

ရိုဟင်ဂျာဆိုတာ အရှင်းဆုံးပြောရရင် အိမ်နီးခြင်းနိုင်ငံကနေ အဓိကအားဖြင့် ၁၈၂၄-၂၆ ပထမအင်္ဂလိပ်မြန်မာစစ်ပွဲပြီးကတည်းက အသုတ်လိုက် ဒီလှိုင်းကြီးများပမာ ဝင်လာကြတဲ့ ဘင်္ဂါလီကုလားတွေ ခုထိလဲ ကူလီကူမာနဲ့ ခိုးဝင်နေတုန်းပဲ။ ၁၉၄၇ မတိုင်ခင်တုန်းကတော့ အိန္ဒိယတိုက်ငယ်နဲ့ ကိုလိုနီတစ်ဦးထဲကအုပ်ချုပ်တာဆိုတော့ နိုင်ငံသားပြဿနာမပေါ်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့လွတ်လပ်ရေးရပြီးကတည်းက ဒီကုလားတွေဟာ တရားမဝင် ခိုးဝင်နေတဲ့လူတွေဖြစ်သွားတယ်။

၁၉၄၇ ခုနှစ် အိန္ဒိယလွတ်လပ်ရေးရတဲ့အချိန်မှာ နဂို အိန္ဒိယတိုက်ငယ်ဟာ အိန္ဒိယနဲ့ ပါကစ္စတန်ဆိုပြီးကွဲသွားတယ်။ အခုဘင်္ဂါလီတွေဟာ အရှေ့ပါကစ္စတန် နိုင်ငံသားတွေ ဖြစ်သွားတယ်။ နောက် ပါကစ္စတန်ကနေ ၁၉၇၁ မတ်လ ၂၅ ရက်နေ့ ဘင်္ဂလားဒက်ရှ်ကို ခွဲထုတ်ထူထောင်လိုက်တော့ ကျနော်တို့နိုင်ငံထဲက အခုပြဿနာ လုပ်နေတဲ့ ဘင်္ဂါလီတွေဟာ ဘင်္ဂလားဒက်ရှ်နိုင်ငံသားတွေဖြစ်သွားပြန်ပါတယ်။

ဒီကုလားမျိုးစုံဟာ နိုင်ငံခြားသားတွေပဲ။ အိန္ဒိယပြည်မကြီးက ကုလားတွေကတော့ ကိုယ့်ကိုယ်ကို တန်ဖိုးထားကြတယ်။ သူတို့အများစုက ဟိန္ဒူတွေ၊ အမျိုးမာနကြီးကြတယ်။ ဦးနေဝင်းတက်လာပြီး နှင်ထုတ်တော့ ကုလား ၃ ၊ ၄ သိန်းလောက် ပြန်ကုန်ကြတယ်။ နံငယ်ပိုင်းမလုံ့တလုံနဲ့လာတဲ့ ဘင်္ဂါလီကုလားတွေကတော့ အကြံကြီးကြီးနဲ့ ကုတ်နဲ့ကော် တောင် မပြန်ဘူးကွဆိုပြီး ဇွတ်ပေနေခဲ့တယ်။ တချို့လဲ ပြန်ချင်ပုံတော့ ပေါက်မှာပါ။ ဒါပေမဲ့ ဆရာကြီးများ ပညာတတ်များက  ဆင်ကြံကြံနေကြတာဆိုတော့ ဟိန်းဟောက်ပြီး ဆွဲထားပုံပေါက်ပါတယ်။ တကယ်တော့ဗျာ၊ ဘင်္ဂါလီတွေနဲ့က သွေးတူမွှေးတူ စကားလဲတူ ယဉ်ကျေးမှုလဲတူတာပဲဗျာ ပြန်ချင်ကြမှာပါ။

ဘယ်တုန်းကမှမရှိတဲ့ ရိုဟင်ဂျာလူမျိုး

ဒီ ရိုဟင်ဂျာဆိုတဲ့နာမည်ကို မူဂျာဟစ်သူပုန်ခေါင်းဆောင်တွေနဲ့ အလံနီကွန်မြူနစ် ပါတီ သခင်စိုးတို့ ပူးပေါင်းပြီး ထွင်ခဲ့တယ်လို့ သမိုင်းဆရာတချို့ကဆိုပါတယ်။ ရခိုင်သုတေ သီနဲ့ လူအချို့ကတော့ ရိုဟင်ဂျာဆိုတာ စစ်တပ်ဂေါင်းဘင်္ဂါလီဒေသိယစကား၊ ရခိုင်သားလို့ အဓိပ္ဗါယ်ရသတဲ့။

ကျနော့်အမြင်ကိုပြောရရင် ဒီကိစ္စဒီလောက်ခက်ခဲသွားတာဟာ လွတ်လပ်ရေးပြီး ပါလီမန်ခေတ် မြန်မာပြည်ပါလီမန်ခေတ်ရဲ့ ပထမဆုံးဝန်ကြီးချုပ်နဲ့ နောက်ဆုံးဝန်ကြီးချုပ် ဖြစ်တဲ့ ဦးနုရဲ့ မဲလိုချင်မှုလောဘဇောကြောင့် ဒီခေါ်တောတွေကို တိုင်းရင်းသားအဆင့်ပေး၊ မြန်မာ့အသံက တိုင်းရင်းသားအစီအစဉ်ထဲ ရိုဟင်ဂျာဘာသာဆိုပြီး  ထည့်ပေးခဲ့တာတွေ ကြောင့် ဒီလောက်တောင် ပြောဆိုငြင်းခုံနေရတာ ဖြစ်ပါတယ်။ ဦးနုအမြဲပြောတတ်တဲ့စ ကားကတော့ သူ့နှလုံးသားဟာ သူ့ဥဏှောက်ထက်ကြီးတဲ့အတွက် စိတ်လိုက်မာန်ပါတွေ လုပ်မိတယ်၊ အမှားတွေ လုပ်မိတယ်လို့ဆိုပါတယ်။

ဦးနေဝင်းကို ကျနော် ချီးပချင်လို့မဟုတ်ပါဘူး။ ဦးနု အာဏာရူးရူးပြီး လက်လွတ်စ ပယ်လုပ်သွားတာကို ဘီလူးဆိုင်းတီးပြီး လူကြမ်းထွက်လုပ်ပြီး ပြင်ဖို့ကြိုးစားတာဟာ ဦးနေ ဝင်းပါပဲ။ ပျက်အစဉ် ပြင်ခဏတဲ့။ ပြတ်အောင်မလုပ်နိုင်ခဲ့တဲ့အပြင် သူ့ကိုဆက်ခံတဲ့ ဦးသန်းရွှေတို့လဲ လက်သံပြောင်ပေမဲ့ ပညာမပါတဲ့အတွက် ပိုဆိုးလာပါတယ်။ ဒါပေမဲ့ အမှန်ရောက်တဲ့အထိ ဆက်လုပ်ကြရမှာပဲ။

ပိုးလောက်လန်းတွေလို ဘာလို့ဒီလောက်ပွားလာရသလဲ

အခုတော့ ဒီဘင်္ဂါလီတွေက အစီအစဉ်ရှိရှိ စနစ်တကျကြိုးပမ်းကြတဲ့အတွက် နိုင်ငံတကာမှာ သူတို့စကားကပိုပြီးပေါက်နေတယ်လို့ထင်ရပါတယ်။ လူဦးရေကလဲ တိုးသထက်တိုးနေပါတယ်။ ရခိုင်အချို့အပါအဝင် ကျနော်တို့ လူဝင်မှုကြီးကြပ်ရေးကလဲ လာဘ်ယူပြီး ခေါ်တောတွေကို ခိုးသွင်းခဲ့တာကလဲ ငြင်းမရတဲ့အချက်တွေပါ။

ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဆိုတဲ့ဒေသတွေမှာ အခုဆိုရခိုင် မရှိသလောက်နည်းသွားပါပြီ။ နာမည်တွေကိုကြည့်ပါ၊ ကုလားနာမည်မဟုတ်ဘူး၊ ဘူးသီးတောင်၊ ရသေ့တောင် ရခိုင်နာမည်တွေပါ။ ဘယ်လိုဖြစ်ပြီး ရခိုင်တွေနည်းပါးသွားပြီး ဘင်္ဂါလီတွေနဲ့ ဘာလို့ပြည့်နေရတာလဲ။

အကြောင်းက ဒီလိုပါ။ ဒုတိယကမ္ဘာစစ်အတွင်းတုန်းက ဗိုလ်ချုပ်တို့ဟာ ဂျပန်တွေ နဲ့ပေါင်းပြီး အင်္ဂလိပ်တွေကို တိုက်ထုတ်ခဲ့တယ်။  အဲဒီတုန်းက ဘင်္ဂါလီတွေလဲ သူတို့အရှင် သခင်တွေနဲ့ ခွေးပြေးဝက်ပြေး ထွက်ပြေးခဲ့ကြတယ်ပေါ့ဗျာ။ ၁၉၄၂ ကပါ။ ဒိနောက် အရှင် သခင်တွေက ဒီဘင်္ဂါလီတွေကို လက်နက်တပ်ဆင်ပေးပြီး ဂျပန်စစ်တပ်ကို နောက်ကနေ ဝင်နှောက်ဖို့ ဗွီဖို့စ် ဆိုပြီး ဖွဲ့ပေးခဲ့ပါတယ်။ သူတို့က ပြည်တွင်းတော့ ပြန်ဝင်ပါတယ်၊ ဒါပေမဲ့ ဂျပန်ကို မတိုက်ပဲ၊ ဒေသခံ ရခိုင်တွေကို မျိုးတုန်းသတ်ဖြတ်ပွဲကြီးဆင်နွှဲတာပါပဲ။

ရခိုင်အမျိုးသမီး ပျိုပျိုအိုအိုနဲ့ အရွယ်မရောက်သူတွေကို စိတ်ရှိလက်ရှိမုဒိန်းကျင့် သတ်ဖြတ်ခဲ့တယ်၊ ဘုန်းကြီးတွေကိုလဲသတ်၊ ဘုန်းကြီးကျောင်းကော၊ ရွာတွေကိုပါမီးတင် ရှို့ခဲ့ကြပါတယ်။ ဒီလိုနဲ့ အဲဒီနယ်က ရခိုင်ရွာပေါင်း ၂၀၀ ကျော်အနက်က ရွာ ၆၀ လောက် သာ ကျန်ခဲ့ပါတယ်။ အဲဒီကနေ နောက်ကာလတွေမှာလဲ ရှိနေတဲ့ရခိုင်တွေ မနေနိုင်အောင် နည်းမျိုးစုံနဲ့တိုက်ခိုက်တဲ့အတွက် အခုဆိုရင် အဲဒီဒေသမှာ ရခိုင်တွေ ရှားပါးသွားတာဖြစ်ပါ တယ်။ ရခိုင်တွေက ဒါကို “ယာရှင်ကို မျောက်မောင်း” တယ်လို့ တင်စားပြောကြပါတယ်။ (OIOC, R/8/9- Oriental and India Office Collections) (FO 643/74m 207/GSO/47) (Smart, R.B. (1957) Burma Gazetteer: Akyab District, Rangoon, Government Press.)

အခုဆိုရင် ဒီဘင်္ဂါလီတွေက သူတို့ဟာ မြန်မာအစိုးရက မတရားနှိပ်စက်လို့ တကမ္ဘာလုံးမှာ တိမ်းရှောင်နေနေရပါတယ်၊ အားလုံး ၃ သန်းလောက်ရှိတယ်တို့ ၅ သန်းလောက်ရှိတယ်တို့ ပါးစပ်ထဲတွေ့သမျှပြောနေပါတယ်။ ဘင်္ဂလားဒက်ရှ်ကနေ နိုင်ငံတကာကို လှေစီးခိုးဝင်နေသူတွေကလဲ ဘယ်မှာပဲဖမ်းမိမိ မြန်မာပြည်က ရိုဟင်ဂျာ လုပ်နေပါတယ်။ တစ်နေ့ သူတို့ကို တရားဝင်ခွင့်ပြုလိုက်တာနဲ့ ဘင်္ဂလားဒက်ရှ်မှာရှိတဲ့ ဘင်္ဂါလီတွေ အကုန်သူ့ထက်ငါ ပြေးဝင်လာကြဖို့ ချောင်းနေကြပါပြီ။

ကဲ၊ ဒီရိုဟင်ဂျာလို့ လွတ်လပ်ရေးခေတ်ကျမှ ကိုယ့်ဖာသာကင်ပွန်းတပ်ထားတဲ့ ဘင်္ဂါလီတွေ မြန်မာပြည်ထဲမှာ ဘယ်လိုလုပ်ပြီး သန်းချီပွားများနေရပါသလဲ။ ပထမဆုံး အုံနဲ့ကျင်းနဲ့ဝင်လာတာကတော့ အိန္ဒိယလုပ်သားများအနေနဲ့ မြန်မာပြည်ကို အောင် နိုင်လိုက်တဲ့ အင်္ဂလိပ်တွေက ကာယလုပ်သားအနေနဲ့ တင်သွင်းခဲ့တာပါ။ စစ်ပွဲတစ်ပွဲ ပြီးတိုင်း နံငယ်ပိုင်းမလုံတလုံ အိန္ဒိယနိုင်ငံသားတွေ တစ်လှိုင်းပြီး တစ်လှိုင်းဝင်လာခဲ့ ကြပါတယ်။ အများတကာ့အများဆုံး ဝင်တာကတော့ အင်္ဂလိပ်တွေ မြန်မာပြည်ကို ပြန်လည်အုပ်စိုးတဲ့ ဒုတိယကမ္ဘာစစ်အပြီး ကာလဖြစ်ပါတယ်။ မြန်မာခေတ်သမိုင်းပညာရှင် ပါမောက္ခ နယ်မို့တို ကေး က ဒီခေါ်တောတွေ ဝင်ရောက်ပုံကို “ဧရာမ”တို့ “အတိုင်းအဆ မရှိ”တို့ “အလွန်အကျွံ”တို့ဆိုတဲ့ ဝေါဟာရတွေကို သုံးပြီးဖော်ပြခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့ဟာ ရခိုင်လူဦးရေနဲ့ နင်လားငါလားဖြစ်လာပါတယ်။ (ဒီလို အမှန်အတိုင်းဖော်ပြပေမယ်လို့ သူဟာ ဒီဘင်္ဂါလီတွေကို ရိုဟင်ဂျာလူမျိုးစုဆိုပြီး မြန်မာပြည်ကလက်ခံသင့်တယ်လို့ တိုက်တွန်းတဲ့ပညာရှင်ပါ။)

ရိုဟင်ဂျာလူမျိုးမရှိဘူး ဘာလို့ပြောရသလဲ

ဒီ ̕ ရိုဟင်ဂျာ ̕ ဆိုတဲ့ လူမျိုးမရှိပုံကို ဘာက သက်သေထူနေသလဲဆိုတော့ အင်္ဂလိပ်တွေ ကျနော်တို့နိုင်ငံကို အုပ်စိုးစဉ်က သန်ခေါင်စာရင်း ၂ ကြိမ်ထက်မနည်း ကောက်ခဲ့ပါတယ်။ အဲဒီ သန်ခေါင်စာရင်းထဲမှာ နေရာလိုက်ပြီးတော့ ဒီခေါ်တောတွေကို အမည် ၂ မျိုးနဲ့ကောက်ခဲ့ပါတယ်။ တစ်မျိုးက စစ်တပ်ဂေါင်းသား၊ နောက်တစ်မျိုးက မိုဟာမေဒင် တဲ့။ အဲဒီ သန်ခေါင်းစာရင်းတွေကို ကိုယ်တိုင်စစ်ဆေးချင်တယ်ဆိုရင် အိန္ဒယနဲ့ အင်္ဂလန်က သမိုင်းဝင် မှတ်တမ်းမှတ်ရာ မော်ကွန်းတိုက်တွေမှာ လေ့လာ ဖတ်ရှုနိုင်ပါတယ်။

၁၉၄၇ ခုနှစ်ကစပြီး ဒီဘင်္ဂါလီကုလားတွေဟာ ရခိုင်နယ်မြေကိုဖဲ့ထုတ်ဖို့ လက်နက်စွဲကိုင် တော်လှန်ခဲ့ကြပါတယ်။ အဲဒီသူပုန်ကို သူတို့ဖာသာ မူဂျာဟေဒင်သူပုန်လို့ နာမည်ပေးခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ရိုဟင်ဂျာဆိုတဲ့ လန်ကြုတ်နာမည် မတီထွင်ရ သေးလို့ပါ။

တကယ်တော့ သူတို့ဟာ စစ်တကောင်းနယ်ကနေ မတရားဝင်ရောက်ခဲ့တဲ့သူတွေ ဖြစ်တဲ့ အတွက် သူတို့စကားနဲ့ စစ်တကောင်းစကားဟာ အတူတူပါပဲ။ ဒါကို ပါမောက္ခ နယ်မိုးတိုးရဲ့ စာတန်းမှာ ကျိုတိုတက္ကသိုလ်က ဒေါက်တာဘွဲ့ကျောင်းသား မစ္စတာ ကေးစကဲ ဖူဂျိဝါရကို ကိုးကားပြီးပြောထားပါတယ်။

မွတ်စလင်တွေ သူများနိုင်ငံတွေကို ကျူးကျော်သိမ်းပိုက်ပြီး တည်ထားလိုက်တဲ့ ပလီတွေ ဟိန်းနေသမှုတ်လား။ ရခိုင်မှာ မွတ်စလင်ဘုရင်တွေ ၁၆ ဆက်တောင် အုပ်စိုး ခဲ့သတဲ့၊ ကဲ၊ ဘယ်မှာလဲဗျာ၊ ရခိုင်မှာ သားသားနားနား ပလီ။

ကဲ၊ ဘယ်မှာလဲဗျ၊ အဲဒီခေတ် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ နဲ့ ၂၀၀ စပ်ကြား ထွန်းကားခဲ့တဲ့ မော်ကွန်းထိုးလေ့ရှိတဲ့ ရိုဟင်ဂျာကျောက်စာတစ်ချပ်၊ ရိုဟင်ဂျာ ဒင်္ဂါး၊ တစ်ပြားလောက်များ ပြနိုင်ရင် ကျုပ်တို့တောင် နေရာဖယ်ပေးလိုက်ချင်ပါတယ်။

ဂျပန်ပါမောက္ခ နယ်မိုးတိုးက နယ်စပ်ဒေသမှာ လူမျိုးစုတွေဟာ ဟိုဖက် ဒီဖက် ရှိနေကြတယ်၊ ဒါ့ကြောင့် ရိုဟင်ဂျာတွေဟာ ပဝေသဏီကတည်းက ရခိုင်မှာလဲ နေတာ ဖြစ်နိုင်တယ်တဲ့။ ကဲ၊ ပါမောက္ခကြီးရေ၊ ဘင်္ဂလားဒက်ရှ်က သူတို့နိုင်ငံမှာ ရိုဟင်ဂျာလူမျိုး ဆိုတာ မရှိဘူးတဲ့။

တကယ်တော့ ဒါက စည်းဝါးရိုက်ထားကြတာလေ၊ ဘင်္ဂလားဒက်ရှ်မှာလဲ ရှိတယ်ဆိုရင် သူတို့ဆီက ခိုးဝင်ထားတာဆိုတာ ဝန်ခံရာကျသွားမယ်၊ ပြန်ပို့ရင် လက်ခံရမယ်။ ဒီလိုဆိုရင် မြန်မာပြည်ရဲ့ အမျိုး ဘာသာ သာသနာကို ဝါးမျိုဖို့စီမံကိန်းကြီး ဂျွမ်းပြန်သွားတော့မှာပေါ့။ ဒီတော့ သမိုင်းအရမငြင်းနိုင်ပေမဲ့ မျက်စေ့မှိတ်ပြီး ဇွတ်ငြင်းတော့တာပေါ့။

ဘယ်သူဘာပြောပြော ကျွန်တော်တို့ရဲ့ ရခိုင်ညီအစ်ကိုတွေဟာ ဒီ ခိုးဝင်ကုလား အရေးနဲ့ပတ်သက်ရင် ရေဆုံးရေဖျားလိုက်ဖို့ သံန္နိပ်ဋ္ဌာန်ချထားပြီးဖြစ်တယ်ဆိုတာ ဒေါက် တာအေးမောင်ရဲ့စကားကို နားထောင်လိုက်ရင် ရှင်းသွားပါတယ်။ ၈၈ မျိုးဆက် ခေါင်း ဆောင်တွေကလဲ ကျောခြင်းကပ်ကြမယ်တဲ့။ ကျွန်တော်တို့ အားလုံးကလဲ ဒေါက်တာ အေးမောင်နဲ့ ရခိုင်ညီအစ်ကိုတော်တွေကို ကိုယ်နိုင်ရာနိုင်ရာကနေပြီး ကူညီကြရပါလိမ့် မယ်။ ပြီးတော့ ကျွန်တော်တို့ဟာ သူတို့လို အကြမ်းဖက်သမားတွေမဟုတ်ဘူး၊ ပညာနဲ့ စည်းလုံးမှုနဲ့ ဒီပြဿနာကို အောင်နိုင်တဲ့အထိ အေးအေးချမ်းချမ်း ဘယ်လိုဖြေရှင်းသွား မယ်ဆိုတာ သေချာပေါက် ပြပါ့မယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ အမျိုးသားရေးတာဝန်ဖြစ် တယ်ဆိုတာ လေးနက်ကြရပါလိမ့်မယ်။

About nyuntshwe

A Myanmar, Buddhist, pacifist, and pragmatic person who believe that we are what we think. That leads him positive thinking and he sees the world a beautiful place, but he still likes to keep trying for a better and more beautiful world.
This entry was posted in For-my-Country. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s