“ဒို့ဖိုးဖွားအမွေနှစ်မို့ ချစ်မြတ်နိုးစေ”

“ရခိုင်စေတီပုထိုးများအရေး ဘယ်သူမှစိတ်မအေးပါ”

စနေနေ့ကထင်တယ်၊ ရခိုင်ဖက်က ရှေးဟောင်းဘုရားစေတီတွေနဲ့ ပတ်သက်ပြီး စိတ်မအေးစရာ သတင်းတွေကြားရတယ်။ ရေဒီယိုအင်တာဗျူး အမေးအဖြေခန်းမှာ တနင်္ဂနွေနေ့အထိ ပါလာတာတွေ့ရတယ်။ စိတ်ပူမယ်ဆိုရင် အင်မတန်ပူသင့်တဲ့ သတင်းပါပဲ။

စေတီပုထိုးတွေ နန်းမြို့ဟောင်းတွေနဲ့ မလွတ်တဲ့ မီးရထားလမ်း ကားလမ်း ဖောက်လုပ်ခြင်းလုပ်တာတွေဟာ ဘာဆင်ခြေမှမပေးနဲ့၊ မလုပ်သင့်ဘူး။ ဒီလို ရှင်းရှင်းမြင်နိုင်ရမယ်။ ဒီရှေးဟောင်းအမွေအနှစ်တွေနဲ့ လွတ်အောင် လမ်းအူကြောင်းမရှာနိုင်ရင် အဲဒီအင်္ဂျင်နီယာတွေကို အလုပ်ဖြုတ်ပစ်လိုက်လို့ပဲ ပြောစရာရှိတယ်။ တောင်နဲ့မလွတ်ရင် တောင်နံရံကနေဖောက်၊ လှိုဏ်ခေါင်း တူးတန်တူး၊ မြေအောက်လျှိုးတန်လျှိုး။

ကေတုမတီတောင်ငူနန်းမြို့ရိုးကို ဖြတ်ပြီး မီးရထားလမ်း ကားလမ်းဖောက်တာဟာ အင်္ဂလိပ်ကိုလိုနီနယ်ချဲ့တွေဖြစ်တယ်။ သူတို့က မြန်မာ့ဦးစွန်းကို မြန်မာ့မျိုးချစ်စိတ်ကို ချိုးနှိမ်ချင်လို့လုပ်တာဖြစ်တယ်။ အခု ကျနော်တို့က အားလုံးညီနောင်သားချင်းတွေချည်းပဲ။ ဘယ်သူ့ဂုဏ်မာနမှ ချိုးနှိမ်စရာအကြောင်းမရှိဘူး၊ အားလုံးရဲ့ ဂုဏ်ရှိန်တက်ခဲ့ ဘုန်းမီးနေလ တော်ပခဲ့တဲ့သမိုင်းကို ကျနော်တို့ဖော်ထုတ်ကြရမယ်၊ ပြည်ပက ထပ်ပြီး ကျူးကျော်စော်ကားတာကို မခံရအောင် မကျူးကျော်ရဲအောင် ကျနော်တို့ခြင်း တသားထဲဖြစ်အောင် စည်းလုံးနေဖို့ ကျောခြင်းကပ်နေဖို့ ကြိုးစားကြရမယ်။ ပြည်ထောင်စုသားတိုင်းဟာ ဥပမာ ရခိုင်ကို ထိပါးရင် ကိုယ့်ထိသလို ခံစားရမယ်၊ တုန့်ပြန်ကြရမယ်၊ ကချင်ထိမလား၊ ချင်းကိုထိမလား၊ ရှမ်း၊ ကရင် မွန် ဗမာ ဘယ်သူ့ကိုထိမလဲ၊ မီးပွင့်သွားမယ်လို့ လူတိုင်းက အသင့်ဖြစ်နေရမယ်။ ဒီတိုင်းပြည် ဒီသာသနာ ဒီယဉ်ကျေးမှုကို ဘယ်သူမှ မထိပါးရဲအောင် ထိပါးရင် ဘယ်လိုတုန့်ပြန်တယ်ဆိုတာ အနီးအဝေးက နားလည်အောင် ခန့်ငြားအောင် ကျနော်တို့နေကြရမယ်။

နောက်တစ်ချက်က ဘုရားပုထိုးတွေကို ပြုပြင်မွမ်းမံထိန်းသိမ်းတာ။ ဟုတ်ပြီ နိုင်ငံတော်အစိုးရမှာ တာဝန်အပြည့်ရှိတယ်။ ဒါပေမဲ့ ဒီလို အထိခိုက်မခံတဲ့ အလုပ်တွေကိုလုပ်တဲ့အခါမှာ နားလည်တတ်ကျွမ်းသူကို ပြည်တွင်းမှာမရှိရင် ပြည်ပကတောင် မှာပြီးလုပ်စေရမယ်၊ ကိုယ့်လူတွေကို ပညာယူခိုင်းရမယ်။ ကျနော်ကိုယ်တိုင် ပုဂံညောင်ဦးသားဖြစ်လို့ ခေတ်အဆက်ဆက် ပြုပြင်မွမ်းမံ ထိန်းသိမ်းသွားလိုက်ကြတာ အင်မတန် ရင်နာစရာကောင်းတယ်။ ပုဂံဘုရားပုထိုးတွေ ၁၉၇၅ ခုနှစ်ငလျင်ဒဏ်နဲ့ အများစုမြေခကုန်တယ်လေ။ အစိုးရကပြင်တာရော၊ အဲဒီတုန်းက နာမည်ကြီးတဲ့ ပုပ္ဗါးဆရာတော် ဦးပရမ ဝဏ္ဏသိဒ္ဓိတို့ပြင်လိုက်ကြတာ မပြင်ပဲထားပြီး ကုလသမဂ္ဂအကူအညီ ယူနက်စကိုအကူအညီနဲ့သာ ပြင်လိုက်ရရင် မူလလက်ရာအတိုင်းပြန်ဖြစ်နိုင်တယ်။ ခုတော့ ဘုန်းကြီးက ဟိုလိုလေး လုပ်လိုက်ဦး ဒီလိုလေးလုပ်လိုက်ဦး၊ အဲဒီထက် နည်းနည်းကြီးလိုက် လျှော့လိုက်နဲ့ လက်သမား ပန်းရံသမားနဲ့ လက်ပြခြေပြနဲ့ ပြင်ချင်သလို ပြင်သွားကြတာလေ။

တကယ်ထိန်းသိမ်းပြီဆိုရင် မူလက ပန်းချီကော၊ ဓာတ်ပုံကော စုဆောင်းပြီး ပိသုကာပညာနဲ့ တိုင်းထွာ၊ အကြီးအသေး အထူအပါး ထောင့်ကစပြီး အားလုံးမှတ်တမ်းတင်၊ ကွန်ပျူတာနဲ့ ရထားတဲ့အချက်အလက်တွေနဲ့ အရင် ဆွဲကြည့်၊ မူလဓာတ်ပုံဟောင်းတွေနဲ့တိုက်ကြည့်စသဖြင့် အများကြီးလုပ်ဖို့ လိုပါတယ်။ အုတ်ခဲ ကျောက်ခဲကအစ မူလအုတ်နဲ့တူအောင် အတိုင်းအတာတင် မဟုတ်ဘူး၊ ပါဝင်တဲ့ သဲ ရွှံ့စတာတွေ ဘယ်အချိုးအစားနဲ့ပါသလဲ၊ သဲက ဘယ်ကယူသလဲ၊ ရွှံ့က ဘယ်ကယူသလဲ စသဖြင့် ရေပက်မဝင်အောင် လုပ်ကြရတယ်။

အခုကြားရသလောက်ကတော့ ရခိုင်ဘုရားပုထိုးတွေဟာ နိုင်ငံတော်က ထိန်းသိမ်းခါမှပဲ မူလပုံပျောက်ရတယ်၊ ပျက်ယွင်းရတယ်ဆိုရင် ဒေသခံပြည်သူတွေက အထင်လွဲတော့မယ်လေ။ သူတို့လဲ ဘယ်အပြစ်တင်ချင်မှာလဲ၊ ကိုယ့်အရပ်ကိုယ့်ဒေသက သာသနိက အဆောက် အဦတွေကို မူလလက်ရာအတိုင်းဖြစ်အောင် ကူညီလုပ်ဆောင်ကြတာပဲ၊ ဖြစ်နိုင်သမျှ ဒီပုဂ္ဂိုလ်တွေကို ကျေးဇူးတင်ချင်ကြမှာပေါ့။ ဒါပေမဲ့ ခုနပြောသလို ထိန်းသိမ်းရာမရောက်ပဲ ဖြစ်သလိုပြင်သွားတယ်၊ ပိုပျက်စီးတယ်လို့အထင်ခံရပြီဆိုရင် အဖက်ဖက်က ရှုံးပြီပေါ့။

ဒါ့ကြောင့် မြန်မာနိုင်ငံတစ်နံတစ်လျားက နိုင်ငံရေးပါတီတွေနဲ့၊ ဥစ္စာရင်လို ဥစ္စာရင်ခဲ ရခိုင်သွေးချင်းတွေက တစ်သံတည်း တောင်းဆိုပါ၊ အားလုံးက ဝိုင်းပြီးထောက်ခံကြပါ။

နိုင်ငံတော်အစိုးရအနေနဲ့ကလဲ အလေးထားပြီး ပစ္စလက်ခတ်လုပ်ရင် ကြီးလေးတဲ့ဒဏ်ပေးရမယ်ဆိုတာပါ သိစေပြီး တကယ်အစစ်အမှန် တတ်ကျွမ်းသူတွေကို တာဝန်လဲပေးပါ၊ အလုပ်ဖြစ်အောင်လဲ ပံ့ပိုးတော်မူကြပါလို့ ဆန္ဒပြုလိုက်ရကြောင်းပါခင်ဗျား။

About nyuntshwe

A Myanmar, Buddhist, pacifist, and pragmatic person who believe that we are what we think. That leads him positive thinking and he sees the world a beautiful place, but he still likes to keep trying for a better and more beautiful world.
This entry was posted in For-my-Country. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s