အာဏာရှင်စနစ် ပြောင်းလဲခဲ့ကြပုံနဲ့ အငြင်းပွားနေတဲ့ စကား ၂ ရပ်

ကိုမင်းဇင်အင်တာဗျူးမှ အတွေးဆန့်ကြည့်ခြင်း

 ၁။ အမေးနွားကျောင်းသား အဖြေဘုရားလောင်းတဲ့

ကျနော်တင်စားလိုက်တာ လွန်များသွားရင် ခွင့်လွှတ်ကြပါ။ ဒီမနက် ဘီဘီစီက ယူစီအယ်အေ တက္ကသိုလ်လားဗျာ၊ အဲဒီမှာ မာစတာလား၊ ပါရဂူလား တက်နေတဲ့ ယခင်က ဧရာဝတီမဂ္ဂဇင်းမှာ အယ်ဒီတာလုပ်ခဲ့တဲ့ ကိုမင်းဇင်ကို အင်တာဗျူးသဗျ။ စည်းလုံးအားကောင်းတဲ့ အာဏာရှင်လက်ထဲကနေ ဒီမိုကရေစီအဖြစ် ပြောင်းလဲတဲ့ဖြစ်စဉ်မှာ ဘယ်လိုပြောင်းလဲတယ်ဆိုတာ နားလည်ချင်သူတွေ နားထောင်ကြည့်သင့်တယ်ဗျာ။

ကိုမင်းဇင်က တိုက်ရိုက် မပြောပေမဲ့ ဒီသဘောပဲဖြစ်တယ်လို့ နားလည်နိုင်တယ်ခင်ဗျ။ အခုမြန်မာပြည်အပြောင်းအလဲမှာ ပိတ်ဆို့မှုဟာ အင်မတန်အရေးပါခဲ့တယ်လို့ လက်ခမောင်းခတ်(ဟန်)ဆောင်ခဲ့တဲ့ ကနေဒါဝန်ကြီးကိုလဲ မရည်ရွယ်ပဲ အရှိုက်ထိုးမိလျက်သားဖြစ်သွား တယ်ခင်ဗျ။ ပိတ်ဆို့မှုကြောင့် ပြောင်းတာဆိုရင် နဂိုက ဘာလို့မပြောင်းသလဲ ဆိုတာ လူပြိန်းတောင် သိနိုင်တဲ့အချက်ဖြစ်တယ်ခင်ဗျ။

ကိုမင်းဇင်ကတော့ ဒါဟာ အထက်ကနေပြီး လမ်းခင်းပေးတဲ့ တဖြေးဖြေးချင်း ပြောင်းပေးနေတဲ့ လမ်းစဉ်လို့ ဆိုတယ်ခင်ဗျ၊ ကျနော်လဲ ဒီအတိုင်းပဲလို့ အကြိမ်များစွာ ပြောခဲ့ရေးခဲ့တယ်ခင်ဗျ။ ဒီလိုပြောင်းလဲနေတဲ့ဖြစ်စဉ်ထဲမှာ အခါအားလျော်စွာ တွန်းတင်ရင် အဆင့်မြင့်မြင့်ရောက်သွားစေနိုင်တဲ့ နိုင်ငံရေးအခွင့်အလန်းတွေဆိုတာပေါ်မြဲဖြစ်တယ်ဗျ၊ အဲဒါကို ဖမ်းဆုပ်နိုင်ဖို့နဲ့ အကန့်အသတ်ကို ဒါမှမဟုတ် ဘောင်ကို သိဖို့က နိုင်ငံရေးသမားတစ်ယောက်ရဲ့ အရည်အချင်းပဲခင်ဗျ။

၂။ နိုင်ငံရေးအခွင့်အလန်းတွေ ပေါ်လာတဲ့အခါ

ချီလီက အာဏာရှင်ဗိုလ်ချုပ်ကြီး ပီနိုချေး အင်္ဂလန်မှာရောက်နေတုန်း စပိန်နိုင်ငံ နယ်တရားသူကြီးတစ်ဦးက နိုင်ငံတကာပုလိပ်အဖွဲ့ကို ပီနိုချေးကိုဖမ်းပေးဖို့ တရားစွဲတောင်းဆိုခဲ့တဲ့အတွက် ပီနိုချေးကို ဖမ်းလိုက်တော့ ပထမ နိုင်ငံရေးအခွင့်အလန်းပေါ်ခဲ့တယ်။ နောက် ၅ နှစ် ၆ နှစ်လောက်မှာ သူသေသွားတော့ အကြီးဆုံးအခွင့်အလန်းကြီးပေါ်ခဲ့တယ်၊ အဲဒီစပ်ကြားကာလမှာ ဒီမိုကရေစီဖက်သားတွေဟာ အစိုးရပင်ဖြစ်နေလင့်ကစား အောက်စည်းကနေပဲ အခါကောင်းကို စောင့်ရင်း ကိုယ့်တာလုံအောင် ခိုင်အောင် ပြင်ဆင်နေခဲ့ကြရတယ်ခင်ဗျ။ ဒီလိုနဲ့ နောက်ဆုံးတော့ ၁၉၈၀ ခုနှစ်က ပီနိုချေးစိတ်တိုင်းကျရေးထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဟာ ၁၆ ကြိမ် ပြင်ဆင်ပြီးတဲ့အချိန်မှာ ဒီမိုကရေစီမကျတာတွေကို ပြင်ဆင်လို့ပြီးသွားပြီလို့ ကြေငြာနိုင်တဲ့အဆင့် ရောက်ခဲ့တယ်ခင်ဗျ။

 ဒီလိုပဲ တောင်ကိုရီးယားမှ ၁၉၇၀ခုနှစ် စစ်အာဏာရှင် သမတပတ်ချုံဟီး စိတ်ကြိုက်ရေးဆွဲတဲ့ ယူရှင်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေံဥပဒေကိုလဲ အတိုက်အခံတွေက ရွေးစရာလမ်းမရှိတဲ့အဆုံး လက်ခံခဲ့ကြတယ်ခင်ဗျ။ ဟော နောက်တော့ ပတ်ချုံဟီး အလုပ်ကြံခံရတယ်။ ဒီနောက် ချန်ဒူးဝှမ် တက်ပြီး ကွမ်းဂျူးအရေးအခင်းမှာ နှပ်ပစ်ခံရတယ်။ ဒီလိုနဲ့ ဗိုလ်ချုပ်ကြီနိုတေဝူး လက်ထက်မှာ အတော်ကိုကျယ်အောင် ဖွင့်ပေးရတယ်။ ပတ်ချုံဟီးလုပ်ကြံခံရမှုကနေ ပေါ်လာတဲ့နိုင်ငံရေးအခွင့်အရေးတွေကို ဘောင်မကျော်စည်းမကျော်ပဲ ရသလောက် ရသလောက် ပြောင်းပစ်လိုက်တာ၊ နိုတေဝူးပြီးတော့ အရပ်သားသမတ ကင်မ်ယုံဆန် တက်ရတယ်။ ဒိနောက် ကင်ဒေးဂျုံတက်တယ်၊ နိုမူဟွမ်းတက်တယ်၊ သူ့လက်ထက်မှာ တောင်ကိုးရီးယားဟာ ဒီမိုကရေစီစစ်စစ်ဖြစ်ပြီလို့ နိုင်ငံရေးသိပ္ဗံပညာရှင်တွေက ရေးကြ ကြေငြာကြတယ်ခင်ဗျ။

အဲဒီတော့ဗျာ၊ ဘယ်အာဏာရှင်နိုင်ငံကိုပဲကြည့်ကြည့် ပြောင်းလဲရေးဖြစ်စဉ်ဟာ ဆယ်စုနှစ် ၂ ခုအောက်မလျော့ကြဘူးဗျ။ ဒါ့ကြောင့် မြန်မာအတိုက်အခံတွေအနေနဲ့လဲ နိုင်ငံရေးရေချိန်မြင့်ဖို့၊ ဘယ်ဟာ အခွင့်အရေးလဲ ဘယ်ဟာဘေးလဲ ဆိုတာကို ချိန်ဆတတ်ဖို့အရေးကြီးတယ်ခင်ဗျ။ ဘာလို့ ဒီလိုပြောရသလဲဆိုတော့ မြန်မာစစ်အာဏာရှင်တွေဟာ ပီနိုချေးတို့ ပတ်ချုံဟီးတို့ထက် စည်းလုံးမှု တစ်သွေးတစ်သံတစ်မိန့် ဖြစ်နေလို့၊ မိတ်ဆွေကောင်းတွေရှိနေလို့၊ သယံဇာတကနေ ဘဏ္ဍာငွေတွေရနေလို့ပဲဖြစ်တယ်ခင်ဗျ။ ဒါ့ကြောင့် ပျော့ပြောင်းတဲ့ချဉ်းကပ်နည်း၊ နောက်ကျောဒါးနဲ့ထိုးတဲ့နည်းမဟုတ်ပဲ အတူလက်တွဲပြီး တိုင်းပြည်ကောင်းသထက် ကောင်းအောင် ဆောင်ရွက်တဲ့နည်း။ တကယ် တစ်ဦးကို တစ်ဦးယုံကြည်မှုထားနိုင်ပြီး ရင်းရင်းနှီးနှီးယဉ်ယဉ်ကျေးကျေးနည်းနဲ့ အလုပ်အတူ လုပ်သွားကြမယ်ဆိုရင် သံယောဇဉ်တွေလဲ  ဖြစ်တည်ခိုင်မာလာမယ်ခင်ဗျ။ ဒါမှလဲ တစ်ဦးကို တစ်ဦး လေးစားမှု၊ ဒီကနေ ယုံကြည်မှု၊ ဒီလိုနည်းနဲ့သွားရင် အချိန်ရလာတာနဲ့အမျှ အပြောင်းအလဲတွေဟာလဲ မြန်ဆန်လာမယ်၊ ကျနော် မကြာခနပြောခဲ့ဖူးသလို စစ်တပ်ဟာ နိုင်ငံရေးထဲကို သူ့ဖာသာဝင်လာတာဖြစ်တဲ့ အတွက် သူ့ဖာသာထွက်သွားအောင် ကူညီတာဟာ အကောင်းဆုံးဖြစ်တယ် ဆိုတဲ့ အတိုင်း ကျနော်ထင်တယ်၊ တကယ် သူတို့အတွက်လဲ အန္တရာယ်မရှိဘူး၊ နိုင်ငံရေးသမားတွေဟာလဲ တကယ်ကိုတိုင်းပြည်ကို ပုံအပ်ချင်လောက်အောင် တော်တယ်၊ ထက်မြက်တယ်၊ သစ္စာရှိတယ်လို့ ယူဆရင် သူတို့တတွေ တပ်ကို ပျော်ပျော်ကြီးပြန်ကြလိမ့်မယ်ခင်ဗျ။

ပြတိုက်ကြီးထဲဝင်ကြည့်သူတွေဟာ ပြတိုက်စည်းကမ်းကို လေးစားလိုက်နာရတယ်နော်။ လက်နဲ့မကိုင်ပါနဲ့လို့ရေးထားရင် မကိုင်ရဘူး။ ဓာတ်ပုံမရိုက်ရဆိုရင်လဲ လေးစားလိုက်နာရတယ်။ ဓာတ်ပုံရိုက်တာသက်သက်ကို ခွင့်ပြုတယ်၊ ဖလက်ရှ် မသုံးရဆိုရင်လဲ လေးစား လိုက်နာရတယ်။ (အဲဒါက ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို လေးစားလိုက်နာတယ်ဆိုရင် ထိဖို့ ပြင်ဖို့ ဝေဖန်ဖို့ မကြိုးစားကြနဲ့တော့။)

အခု အတိုက်အခံခေါင်းဆောင်ကြီးက သူတို့အနေနဲ့ နိုင်ငံရေးအကြပ်အတည်းကြီးကို မဖန်တီးချင်လို့ ပြည်သူဆန္ဒကို လေးစားလို့ မဟာမိတ်တိုင်းရင်းသားပါတီတွေရဲ့ဖိတ်ခေါ်ချက်ကိုလေးစားလို့ ကျမ်းကျိန်တော့မယ်လို့ ပြောသံကြားလိုက်ရတဲ့အတွက် ဘယ်လိုပဲဖြစ်ဖြစ် ကြိုဆိုပါတယ်။ ဒါပေမဲ့ အထဲထဲရောက်သွားရင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပါမည်ကို လေးစားလိုက်နာနဲ့ အစားထိုး ပြောင်းနိုင်အောင်ကြိုးစားဦးမယ်ဆိုတဲ့အတွက် ဘယ်သင်းက ပိုတင်းကြပ်သလဲဆိုတာလဲ စဉ်းစားကြည့်ပါ။ မြန်မာစာပညာရှင်များနဲ့လဲ တိုင်ပင်ကြည့်ပါလို့လဲ တိုင်တွန်းပါတယ်။

ထိန်းသိမ်းစောင့်ရှောက်ကာကွယ်ပါမည်ဆိုတဲ့ လူတစ်သိုက်ကတော့ အဲဒီပြတိုက်ရဲ့ အဆင့်အသီးသီးကဝန်ထမ်းတွေလေ။ ဒါ့ကြောင့် သူတို့ဟာ ခြကိုက်တဲ့ ထုတ် လျောက် ဒိုင်း မြား ဆင့် ကြမ်းခင်း ခေါင်မိုး ပြူတင်းပေါက် ဝင်တံခါး ထွက်တံခါးစတာတွေကို အသစ်နဲ့လဲလှယ်ကြတယ်၊ ရေနံချေးသုတ်တန်တဲ့နေရာသုတ်ပြီး ဆေးရောင်စုံသုတ်တန်သုတ်ကြရတယ်။ မြက်ခင်းအလှဖန်တီးရတယ်၊ ရာသီအလိုက် ပန်းပင်တွေကို ဝေအောင်စိုက်ရတယ်။ ထိန်းသိမ်းကာကွယ်တာက မူလ ပုံသဏ္ဍာန်ကြီး (ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ) ကို ကာကွယ်တာ၊ အထဲက ဆွေးမြေ့တာ၊ ခြကိုက်တာတွေ ပတ္တာပြုတ်တာတွေ စရွေးအံချော်သွားတာတွေကို သင့်တော်တာတွေနဲ့ အစားထိုးတာ၊ ရာသီပင်တွေ ပန်းတွေနဲ့ ဝေဆာအောင် အမြင်တင့်တယ်အောင်လုပ်တာက (ကာကွယ်စောင့်ရှောက်တာ) ဖြစ်တယ်။

၃။ ကုလားကြီး ကနေ အရာကြီး၊ ဒီကတဆင့် မြက်လျှောမဖြစ်အောင်

ပြောရရင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို လေးစားလိုက်နာကြရင် မြန်မာပြည်က ဖွဲ့စည်းအုပ်ချုပ်ပုံဟာ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင် ရေးဆွဲသွားတဲ့ ဖွဲ့စည်းပုံကြီး ခုထိရှင်သန်နေမှာပဲ။ ဒါပေမဲ ထိန်းသိမ်း ကာကွယ်စောင့်ရှောက်တဲ့အလုပ်ကို လုပ်ကြတဲ့သူတွေ အရည်အချင်းရှိရင် ရှိသလို ဥပဒေတွေကို ခေတ်နဲ့လျော်ညီအောင် တိုးချဲ့တာ၊ ဖြတ်တောက်တာ၊ အသစ်ထည့်တာ စသဖြင့် ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ကာကွယ်စောင့်ရှေက်တယ်ဆိုတဲ့အဆင့်မှာ ကောင်းတာတွေထိမ်းသိမ်း၊ မကောင်းတာတွေပြုပြင် အစားထိုးစတဲ့အဆင့်တွေပါပါတယ်။ သာမန် ဒီအတိုင်းတိုင်း မတို့မထိ မကြည့်ပဲ ပစ်ထားတာမျိုးမဟုတ်ပါဘူး။ လေးစားလိုက်နာမယ်၊ ရိုသေမယ်ဆိုရင် ရိုသေတဲ့အရာကို ပြင်လို့မရပါ။ ဘုရား တရား သံဃာ ဆရာ မိဖကို ပြင်လို့မရပါ။ ဘာသာခြားတစ်ခုကနေ လွှမ်းမိုးသွားပြီး အတင်းအဓမ္မဖျက်ဆီးမှ ပျက်စီးကျဆုံးသွားတာမျိုးပါ၊ မပြေးသော်ကန်ရာရှိ၊ ခရစ်ယန်နဲ့ အထူးသဖြင့် အစ္စလာမ်ဘာသာတွေရဲ့ နယ်ချဲ့သမိုင်းကိုသာ ကြည့်ပါ။

ဒေါ်စုတို့အတိုက်အခံတွေ လွှတ်တော်တက်ကြမှာ ကြိုဆိုပါတယ်၊ ဝမ်းသာပါတယ်။ မလိုသူတွေကတော့ သူတို့ထင်မြင်တဲ့အတိုင်း ပြောကြပါလိမ့်မယ်။ ဒါကိုတော့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ သူတို့လဲ သူတို့ ယုံကြည်ချက်အတိုင်း ပြောခွင့်ရှိပေတာကိုး။

ဒါပေမဲ့၊ ဒေါ်စုတို့ကို အရေးကြီးတဲ့အကြံတစ်ခုပေးချင်တာကေတော့ တစ်ခုခုကို ပြင်းပြင်းထန်ထန် မပြောမိခင် မကန့်ကွက်မိခင် သုံးကြိမ်လောက် စဉ်းစားချင့်ချိန်ပါဦး။ ပြည်သူကို လေးစားလို့ ဘယ်သူတွေရဲ့ဆန္ဒကို လိုက်လျောချင်လို့ဆိုတဲ့ ဆင်ခြေက သိပ်မကောင်းပါဘူး။ ပြီးတော့ အဲဒီဆင်ခြေအစား ကျမတို့က ဒီစကားရပ်ကို ဟောဒီရှုထောင့်ကနေ အသေစဉ်းစားမိလို့ မှားသွားပါတယ်၊ အခု အဲဒီအမှားကို အချိန်မီ ပြင်လိုက်ပါတယ်။ ဒါ့ကြောင့် ကျမတို့အခုလို လွှတ်တော်ထဲ အချိန်မီ မရောက်ခဲ့တာကို ပြည်သူလူထုကြီးနဲ့ကော မဟာမိတ်တိုင်းရင်းသား ပါတီများအနေနဲ့ ခွင့်လွှတ်ဖို့တောင်းပန်ပါတယ်လို့ ပြောခဲ့မယ်ဆိုရင် ပိုပြီးရင့်ကျက်ရာ ရိုးသားရာရောက်ပါတယ်။

တကယ်လို့သာ ကျွန်တော်အကြံပေးသလို ဆုံးဖြတ်ချက်တစ်ခု တိုက်ပွဲတစ်ခုကို အထပ်ထပ်စဉ်းစားပြီး ဖက်ပေါင်းစုံက ဝေဖန်စစ်ဆေးပြီး လုပ်မယ်ဆိုရင် မြက်လျှောဖြစ်သွားရတဲ့အဖြစ်ကနေ ဟိုကာ ဒီဖာ မကာ မဖာရပဲ လွတ်မြောက်ပြီး ပိုမိုကျက်သရေရှိမယ်လို့ပြောချင်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စက် ဟယ်လာရီ ကလင်တန်ပေးတဲ့အကြံဥာဏ်ကိုလဲ အမြဲအမှတ်ရစေချင်ပါတယ်။ အခုဒေါ်စုဟာ သာမန်ပြည်သူ့အချစ်တော် ကမ္ဘာ့အချစ်တော်တစ်ယောက် မဟုတ်တော့ဘူး။ တာဝန်ရှိတဲ့ လွှတ်တော်တက်တဲ့နိုင်ငံရေးသမားဖြစ်သွားပြီ တဲ့။ နိုင်ငံရေးဆိုတာ လွှတ်တော်ထဲမှာ အကျိတ်အနယ် ဆွေးနွေးရတာ၊ ညှိယူရတာ၊ အပေးအယူ အလျော့အတင်းတွေနဲ့ ခဲရာခဲဆစ် လုပ်ယူရတာပါတဲ့။

မြန်မာပြည်သူတွေ ကောင်းစားအောင် ဆောင်ချဉ်းနိုင်ပါစေ။


About nyuntshwe

A Myanmar, Buddhist, pacifist, and pragmatic person who believe that we are what we think. That leads him positive thinking and he sees the world a beautiful place, but he still likes to keep trying for a better and more beautiful world.
This entry was posted in For-my-Country. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s