“အခုသင်္ဘောကြီးကောင်းသွားပြီ အသက်ကယ်လှေရေ့ တာ့တာ”

“သာကူးများ ခြေသွက်ပုံဖြင့်
မန်ချက်စတာယူနိုက်တက်က အဖေခေါ်ရ”

ဒေါက်တာ မြဉာဏစိုး

ဦးကြီးမြင့်

ဒေါက်တာသန်းဝင်း

ဦးခင်မောင်ဝင်း

. . . . . . . . . . . .

မိနစ်ပိုင်းလောက်ကပဲ ဂျပန်မိတ်ဆွေတစ်ယောက်က မဇ္ဈိမသတင်းဌာနက သတင်းတစ်ပုဒ်ကို ပို့လာပါတယ်။ ဦးခင်မောင်ဆွေ-ဒေါက်တာသန်းငြိမ်း ဦးဆောင်တဲ့ NDF ပါတီက ဒေါက်တာသန်းဝင်းနဲ့ ဦးခင်မောင်ဝင်းတို့ဟာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ကို ကူးပြောင်းလိုက်ကြသတဲ့။ NDF က ထွက်ပြီး ပါတီသစ်ထောင်တဲ့ ဦးကြီးမြင့်ဆိုသူကလည်း မိမိပါတီသစ်ကို ဖျက်ပြီး NLD ကိုဝင်သတဲ့။ မနှစ်က နှစ်မကုန်ခင်လေးတင် NDFက ဒေါက်တာမြဉာဏစိုးက စပြောင်းခဲ့ရာက ခုတော့ သာပြောင်းတွေ တိုးလာပါတယ်။ သာကူးလို့လဲ ခေါ်မှာပေါ့။

အမတ်မလုပ်ရမနေနိုင်တုန်းကတော့ NLD နဲ့ လမ်းခွဲရဲကြပါတယ်။ ဟော အခု ကြားဖြတ်ရွေးကောက်ပွဲ အမီ NLD အသေကို ဖုတ်သွင်းထည့်လိုက်တာ တွေ့ကရာ အကုန်စားပစ်တော့ အကုန်မျက်လုံးပြူး ကုန်တာပေါ့။ ပြူးလဲပြူးလောက်တယ်လေ။ ခုနေ မပြောင်းရင် ၂၀၁၅ကျရင် အခုရထားတဲ့ အမတ်နေရာ က သေချာပေါက်ပြုတ်တော့မယ်လေ။ ဒါ ဗေဒင်ကို မေးစရာမလိုဘူးဗျ။ သမတကြီးဦးသိန်းစီန်တို့ လွှတ်တော်ဥက္ကဋ္ဌကြီးများဖြစ်ကြတဲ့ ဦးသူရရွှေမန်းတို့ သီဟသူရ ဦးတင်အောင်မြင့်ဦးတို့ဆိုရင်လဲ အကုန်မျက်ခုံးလှုပ်ပြီး နှလုံးခုန်တောင် မမှန်ချင်တော့ဘူး ဖြစ်လောက်ပြီလေ။

ဒီတော့ ဥဏှောက် အကောင်းဆုံးလူက သင်္ချာတော်တဲ့သူက မြန်မြန်ပြန်ပြေး၊ သူ့လောက်မကောင်းတဲ့ လူတွေက နည်းနည်းနောက်ကျပြီး ပြေးပြီး ပြန်ပေါင်းထုတ်ကြတာပေါ့ဗျာ။ အောင်သွယ်ကောင်းလို့လဲ လျှောလျှောရှူရှူဖြစ်တာနေမှာပေါ့။ NLD ကလဲ ငယ်သားတွေထက် ခေါင်းဆောင်ဆိုတဲ့လူတွေကိုပဲ ကိုယ်လုံးတီးဖြစ်အောင်လုပ်ချင်တာလေ။ NLD မှတ်ပုံတင်ခါစကဆို ပါတီဝင်သစ်လက်ခံရေးမူနဲ့ ပတ်သက်ပြီး NDF က လူတွေဟာ ပါတီကို သစ္စာဖောက်တဲ့လူတွေဖြစ်တဲ့အတွက် သီးသန့်စဉ်းစားရမယ် လို့တောင် ပြောဖူးတာမဟုတ်လား။ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းကထင်ပါရဲ့။

နောက်ဆုံးအထိ ကိုယ်ထောင်တဲ့ပါတီအပေါ် သစ္စာရှိရှိနဲ့ အကျအဆုံးခံရဲတဲ့လူကတော့ သူရဲကောင်းပဲဗျ။ ရှေ့တန်းကို ရောက်ချင်မှ ရောက်မယ်။ ရောက်ချင်လဲ ရောက်မယ်၊ သေချာတာကတော့ အဲဒီလူတွေဟာ အချောင်သမား မဖြစ်ဘူး။ အဖွဲ့လိုက်ပေါင်းစည်းတာကို လက်ခံလို့ ပြန်ပေါင်းသွားကြတယ်ဆိုရင်တော့ သူများနိုင်ငံတွေမှာလည်း လုပ်နေကြတာဆိုတော့ အထူးပြောဖို့မရှိဘူးဗျာ။

အဲဒီသာကူးတွေကတော့ ဆင်ခြေကျတော့လဲ တယ်ကောင်းသဗျာ။ သင်္ဘောကြီးစက်ပျက်လို့ အသက်ကယ်လှေနဲ့ပြေးပြီး သင်္ဘောကြီးအတွက် ကြိုလုပ်ထားတာ၊ အခု သင်္ဘောကြီး စက်ပြန်ကောင်း သွားပြီ၊ အသက်ကယ်လှေမလိုတော့ဘူးတဲ့။ ဒါ့ကြောင့် သင်္ဘောကြီးပေါ်ပြန်တက် လာတာတဲ့။ သူတို့ကိုပဲ ကျေးဇူးတင်ရဦးမလို အချိုးလေဗျာ။ အပူမထွက်တဲ့ အချိုးဆိုတာတော့ သိဟန်မတူဘူး။

NLD ရေ့၊ ဟဲဟဲ၊ နောက်တစ်ခါတော့ စက်မပျက်နဲ့နော်၊ ဒီလူတွေက အသက်ကယ်လှေသုံးတဲ့နေရာမှာ ကျွမ်းကျင်တယ်၊ အတွေ့အကြုံရှိတယ်၊ မလိုက်တဲ့သူတွေ သင်္ဘောကြီးနဲ့ မျောချင်ရာမျော သေချင်ရာသေ တင်ချင်တဲ့သောင်တင်ဆိုပြီး ပစ်ပြေးဦးမှာပဲဗျနော်။ (ကျန်တဲ့လူတွေ အပြင်ကောင်းလို့ အရှိန်အဟုန်နဲ့ ဆက်မောင်းနိုင်ရင် အချိန်မရွေး ပြန်လာခဲ့မယ်တဲ့)။

မှန်တာပြော ချမ်းသာပါစေဗျာ၊ ကျနော်တို့ကတော့ အဲလိုလူတွေကို အတော်ပဲ ရွံရှာစက်ဆုတ်မိပါတယ်ဗျာ၊ ဘုရားစူးပါစေရဲ့။

About nyuntshwe

A Myanmar, Buddhist, pacifist, and pragmatic person who believe that we are what we think. That leads him positive thinking and he sees the world a beautiful place, but he still likes to keep trying for a better and more beautiful world.
This entry was posted in Critiques. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s