ခွင့်လွှတ်ခြင်းရဲ့ သန္တိသုခ ပီတိရပုံ

“There is no fire like lust. There is no evil like hate. There is no pain like disharmony. There is no joy like NIRVANA.”  (The Buddha, the Dhammapada, 15, 202).

ဒီနေ့မနက် နန်းနဲ့ကဗျာချစ်သူတွေအတွက် ခွင့်လွှတ်ခြင်းနဲ့ပတ်သက်တဲ့ မြန်မာကဗျာတစ်ပုဒ်နဲ့ အင်္ဂလိပ် အဆိုတစ်ခုကို လက်ဆောင်ပါးချင်ပါတယ်။ ခွင့်မလွှတ်နိုင်ရင် အဓိကဆင်းရဲရတာ ခံစားရတာက ကိုယ်ပဲဖြစ်တယ်ဆိုတာ သတိမမူမိသူကများပါတယ်။ သတိလေး ရှိစေချင်လို့ပါ၊ ဗုဒ္ဓဝါဒီ ပိုပြီးပီသစေချင်လို့ပါ။ ကဲ မြည်းစမ်းကြည့်ပါခင်ဗျား၊

“ကောင်းစွာအိပ်စက်နိုင်ပေအံ့”

ပျဉ်းမနား မောင်နီသင်း

 

ကျွန်ုပ်၏ရင်ကြား၊ ရိုက်ခတ်သွား၍

လှိုင်းများမှသည်၊ သမုဒ္ဒရာအထိ

အစနှင့်အဆုံး ပူလောင်၏။

 

ကျွန်ုပ်၏ဘဝ၊ မချမ်းမြသည်

လောဘအဆိပ်၊ ကိုယ် နှုတ် စိတ်ဖြင့်

ဒေါသအဆိပ်၊ ကိုယ် နှုတ်  စိတ်ဖြင့်

မောဟအဆိပ်၊ ကိုယ် နှုတ်စိတ်ဖြင့်

မြွေဆိုးများနှင့် လှိုင်းများနှင့်။

 

ကျွန်ုပ်ခွင့်လွှတ်မှ၊ မိုးရွာချ၍

ကျွန်ုပ်ဘဝမှာ၊ အေးချမ်းပါသည်

ကောင်းစွာအိပ်စက်နိုင်ပေအံ့။       ၊

 

ကြည့်လေ၊ နောက်ဆုံးအပိုဒ်မှာ “ကျွန်ုပ်ခွင့်လွှတ်မှ” ဘဝအေးချမ်းပြီး ကောင်းစွာအိပ်စက်နိုင်မယ်တဲ့။ ဒါ မေတ္တာရဲ့အကျိုး ခွင့်လွှတ်ခြင်းရဲ့ အကျိုးပါပဲ။ ရှင်တော်ဗုဒ္ဓကတော့ သူ့နောက်လိုက်သံဃာတွေကို မုန်းသူ မချစ်မနှစ်သက်တဲ့သူ သူခိုးထားပြတွေက နှစ်ဖက်လွှနဲ့ ခြေလက်တွေကို အပိုင်းပိုင်းလှီးနေခိုက်မှာတောင် စိတ်မကွက်ရဘူး၊ စိတ်ကွက်တဲ့သူ ငါ့နောက်လိုက်မဟုတ်ဘူးလို့ နှစ်ဖက်လွှသုတ်မှာ ဟောထားခဲ့တယ်ဗျာ။

ဟော၊ ကျနော် လွန်ခဲ့တဲ့ ၆ နှစ်နီးပါးက စာအုပ်အဟောင်းဆိုင်တစ်ဆိုင်က Why Forgive? ဘာကြောင့် ခွင့်လွှတ်ရမှာလဲ ဆိုတဲ့စာအုပ်ကလေးကို ဝယ်ခဲ့တယ်ဗျ၊ အဲဒီစာအုပ်ကို အဆိုလေးတစ်ခုနဲ့စပြီးဖွင့်ထားပါတယ်။ အဲဒါလေးကတော့၊

“This is a hard law . . . . .

When an injury is done to us,

We never recover until we forgive.”

Alan Paton

“ဟောဒါက ခိုင်ခန့်ကျစ်မာတဲ့ သဘာဝနိယမဖြစ်တယ်၊

ကျွန်ုပ်တို့ကို ဒဏ်ရာအနာတရရစေခဲ့တယ်ဆိုရင်

ကျွန်ုပ်တို့က ခွှင့်မလွှတ်သေးသမျှ ဘယ်တော့မှ ဒဏ်ရာမကျက်ဘူး။”

အလန် ပက်တန်

ကျနော်ဝယ်ခဲ့တဲ့ အဲဒီစာအုပ်ကလေးထဲမှာတော့ အဖွဲ့လေးတစ်ဖွဲ့ဟာ တရားခံနဲ့ တရားလိုတွေကြားမှာ ပုဂ္ဂိုလ်ရေးအာဃာတမထားပဲ ခွင့်လွှတ်ကျေအေးဖို့ လွန်းထိုး စကားပြောကြပါတယ်။ ဒီနေရာမှာ တရားဥပဒေအရ အပြစ်ပေးတာကို ခွင့်လွှတ်ဖို့ ပြောတာမဟုတ်ပါဘူး။ တရားဥပဒေကိစ္စကို သူတို့ မစွက်ဖက်ပါဘူး။ တချို့ဆိုရင် ကြိုးပေးခံရဆဲဆဲလဲပါတယ်၊ လျှပ်စစ်ကုလားထိုင်ပေါ်တက်ရမဲ့သူလဲ ပါပါတယ်။   အဲဒီလိုလူတွေကလဲပဲ သူတို့ကျူးလွန်ခဲ့တာ မှားပါတယ်၊ ခွင့်လွှတ်ပါလို့တောင်းပန်အောင်၊ ခံရတဲ့မိသားစုဖက်ကလဲ ခွင့်လွှတ်ပါတယ်လို့ပြောနိုင်အောင် ခရစ်တော်ရဲ့သင်ကြားချက်အတိုင်း ချဉ်းကပ်စည်းရုံးတာပါ။ တချို့ခံရတဲ့မိသားစုဆိုရင် သေဒဏ်မစီရင် ထောင်ဝင်စာတွေ့ပြီး ဘဝကူးကောင်းအောင် ကူညီကြပါတယ်။

ကျနော်တို့က ကမ္ဘာမှာ အမြင့်မြတ်ဆုံးလို့ ကိုယ့်ဖာသာယုံကြည်ကိုးကွယ်ကြတဲ့ ဗုဒ္ဓဘာသာဝင်တွေ မဟုတ်ပါလား။ ဒါဆိုရင် ဗုဒ္ဓစကားကို နားထောင်ပြီး အကျိတ်အခဲထားခဲ့သူတွေ၊ ကိုယ့်ကိုယ် ထိခိုက်စေခဲ့တဲ့သူတွေကို ကိုယ်ကစပြီး ခွင့်လွှတ်သင့်တယ်မဟုတ်ပါလား။ ခွင့်လွှတ်ခြင်းအားဖြင့် အကောင်းဆုံးခံစားရတာ ပီတိသုခနဲ့နေရတာဟာ ကျနော်တို့ကိုယ်တိုင်ပဲဖြစ်ပါတယ်။ တဖက်သားလဲ တူညီတဲ့ခံစားမှု တုန့်ပြန်မှုတွေနဲ့ အားလုံး စိတ်ချမ်းသာကြရတဲ့ ပျော်ရွှင်စရာ နေပျော်တဲ့လောကကို အတူဖန်တီးနိုင်ကြမှာဖြစ်ပါတယ်။

အသေအချာစဉ်းစားလေ သွေးထွက်အောင်မှန်လေပဲ မဟုတ်ပါလား။

နန်းနဲ့ ကဗျာချစ်သူအားလုံး ခွင့်လွှတ်နိုင်ကြပါစေ၊ ကျန်းမာရွှင်လန်းကြပါစေ၊

About nyuntshwe

A Myanmar, Buddhist, pacifist, and pragmatic person who believe that we are what we think. That leads him positive thinking and he sees the world a beautiful place, but he still likes to keep trying for a better and more beautiful world.
This entry was posted in Uncategorized. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s