ရဟန်းဝတ်ရင် ရဟန်းပီစေချင်

“ကယ်တင်ရှင်ကြီး ဂျက်စီဂျိန်းမဟုတ်တန်ရာ”

ဒီမနက်ကြားလိုက် မြင်လိုက်ရတဲ့ မင်္ဂလာသတင်းလို့ယူဆရတဲ့သတင်းကတော့ မြန်မာနိုင်ငံတနံတလျား နိုင်ငံရေးနဲ့ဆိုင်ဆိုင်မဆိုင်ဆိုင် လူတကာ ရွံကြောက်ကြောက်ခဲ့ရတဲ့ ထောက်လှမ်းရေးမှူးချုပ်ဟောင်းနဲ့ ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် သာသနာ့ဘောင်ဝင်တဲ့ကိစ္စပါပဲ။

တိုက်ဆိုင်ပုံကတော့ မနေ့တစ်နေ့ကမှ ဘန်ကောက်ပို့စ်သတင်းစာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်နဲ့လုံခြုံရေးကို သူနဲ့သူ့တပ်ဖွဲ့က ကယ်တင်လိုက်တာဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်သခင်ကျေးဇူးရှင်ကြီးအဖြစ် ကြေငြာလိုက်တာ၊ အဲဒီကြေငြာချက်နဲ့ ပတ်သက်လို့ တပ်တွင်းတပ်ပြင်မှာ ဂယက်တွေထလာတဲ့အချိန်နဲ့လဲ တိုက်ဆိုင်နေပါတယ်။ ဒီအင်တာဗျူးဟာ ဒီပဲယင်းကိစ္စကြီးတစ်ခုလုံးဟာ သူနဲ့မဆိုင်ဘူး။ ဟို စစ်ခေါင်းဆောင်တွေလုပ်တာလို့ ကမ္ဘာသိကြေငြာလိုက်တဲ့ သဘောလဲဖြစ်ပါတယ်။

ကျနော်ကတော့ မနေ့ကတည်းက ဦးခင်ညွန့်ရဲ့ ရုပ်တုတွေ ထုလုပ်ကြဖို့ တိုက်တွန်းရင်း မေးခွန်းတချို့ထုတ်ခဲ့ ဝေဖန်ခဲ့ပါတယ်။ သူ့အဖွဲ့တွေက ဒီချုပ်နဲ့ ပါတီဝင်တွေ ထောက်ခံလိုက်ပို့သူတွေကို ဒီပဲယင်း ကြည်ရွာနားမှာ ဝိုင်းဝန်းရိုက်နှက်သတ်ဖြတ်ခဲ့တာပါ။ အတိအကျစာရင်းမထွက်သေးပေမဲ့ လူဆယ်ပေါင်းများစွာ သေတယ်ဆိုတဲ့ လုပ်ကြံမှုပါ။ အဲဒီရိုက်ကွင်းထဲမှာ လာကယ်တာမဟုတ်ပဲ၊ လွတ်ထွက်သွားလို့ ရေဦးမှာထင်ပါတယ်၊ ဆီးပြီး ဖမ်းတာပါ။ ခြေကျိုးလက်ကျိုး ခေါင်းပဲ့ထိပ်ပေါက်တွေကိုဖမ်းပြီး ထောင်ချခဲ့တယ်၊ ဒေါ်စုတို့ ဦးတင်ဦးတို့လဲ ထောင်ထဲအပို့ခံခဲ့ရတယ်လေ။

အခုတော့ ဒေါ်အောင်ဆန်းစုကြည်ပေါ်မှာလဲ ရွှန်းရွှန်းကိုဝေနေအောင် ထောက်ခံရှာပါတယ်၊ ကောင်းမွန်တဲ့သတိတွေလဲ ပေးပါတယ်။ ထားတော့။

ကျနော် မနေ့ကတိုက်တွန်းခဲ့တာဟာ ဒီနေ့ပိုပြီးတိုက်တွန်းလို့ကောင်းသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရဟန်းဖြစ်သွားလို့ပါ။ ရဟန်းနဲ့ဝင်ငွေဟာ လုံးဝကို မအပ်စပ်တဲ့အတွက် အင်မတန်ရှက်စရာကောင်းလှတဲ့ ဦးခင်ရွှေဆီက ယူနေတဲ့ တစ်လ ဒေါ်လာ ၅၀၀၀ ကို အပြီးတိုင်စွန့်လွှတ်ဖို့၊ ဒါမှမဟုတ် မနေ့ကတိုက်တွန်းခဲ့သလိုပဲ လူမှုအဖွဲ့အစည်းတစ်ခုကို အပြီးတိုင်လွှဲပေးဖို့ပဲဖြစ်ပါတယ်။ ဒါမှမဟုတ်ရင်လဲ ကြီးကြပ်အဖွဲ့တစ်ဖွဲ့ကို မိသားစုကတည်ထောင်ပြီး ဆင်းရဲသားမိဖများရဲ့ ပညာမသင်နိုင်တဲ့ကလေးတွေအတွက် အလယ်တန်းကျောင်းတစ်ကျောင်းလောက် တည်ထောင်ပေးနိုင်မယ်ဆိုရင်တော့ အတော်ပဲ ကောင်းမယ်ထင်ပါတယ်။ ဒါပေမဲ့ အခုရဟန်းဝတ်ပြီးပြီဆိုတော့ ကိုယ်တိုင်ဝင်ပါလို့ မသင့်တော်တော့ပါဘူး။ ကျန်ခဲ့သူတွေကိုသာ လွှဲအပ်ဖို့ဖြစ်ပါတယ်။

သာသနာ့ဘောင်မှာ ပျော်ရင် ၃ နှစ်၊ မပျော်ရင် လူထွက်မယ်ဆိုတဲ့အတွက် ထပ်မံတိုက်တွန်းလိုတာတွေကတော့၊

(၁) သျှင်အင်္ဂုလိမာလကို အတုယူပါ။ မဂ်ဆိုက်တာပြောတာပါ။
(၂) ကျားကုတ်ကျားခဲ ကမ္မဋ္ဌာန်းတရားကို အားထုတ်ပါ။
(၃) ကျေးဇူးပြုပြီး ဒီဃနိကာယ်လာ လောဟိံစသုတ်ကို ဖတ်ပါ။
(၄) ဆွမ်းခံဝတ်မပျက်ပါစေနဲ့
(၅) သံယောဇဉ်အသစ်မထူထောင်ပါနဲ့၊ ရှိတာကိုဖြတ်နိုင်အောင်ကြိုးစားပါ။
(၆) မြတ်ဗုဒ္ဓအလိုကျ ရဟန်းဖြစ်ကြောင်းတရားမရသေးခင် တရားမဟောပါနဲ့။
(၇) ကမ္မဋ္ဌာန်းနားတဲ့အချိန်မှာ ပိဋကမြန်မာပြန်ထဲက ဝိနယကို ဖတ်ပါ။
(ဂ) အထူးသဖြင့် ပါရာဇိကအခန်း၊ သံဃဒိဿိသ်နဲ့ ပါစိတ်အာပတ်ကို ဖတ်ပါ။
(၉) တကယ်ရိုးသားတဲ့စိတ်ရင်းနဲ့ မဂ်ဆိုက်တဲ့အထိ အားထုတ်သွားပါ၊ ဦးခင်ညွန့်မရှိလဲ ကျန်မိသားစုတွေဟာ သူ့ကြမ္မာနဲ့သူ ဖြစ်သွားပါလိမ့်မယ်။ သူတို့မှာရှိတဲ့ အဆင့်အတန်း ပညာဗဟုသုတနဲ့ လက်လွတ်စပယ်မဖြစ်နိုင်ပါဘူး။ သံသရာကိုကူးမြောက်သွားသူတိုင်းဟာ အကုန်စွန့်သွားပါတယ်။

ဒီကရှေ့မှာ ရဟန်းဝတ်နဲ့ ဓာတ်ပုံ အရိုက်မခံတော့ဖို့ တိုက်တွန်းလိုက်ပါတယ်။

ဦးခင်ညွန့်ခင်ဗျား၊ မဟာပရိနိဗ္ဗာနသုတ်ထဲက နောက်ဆုံးမိန့်မြွက်သွားတဲ့ စကား ၂ ခွန်းကိုလဲ အမြဲနှလုံးသွင်းပြီး အနတဂ္ဃမ လမ်းမှားလျှောက်နေတဲ့ ရဟန်းတွေကို ကူညီလမ်းပြသွားပါလို့လဲ တိုက်တွန်းပါတယ်။ ဦးခင်ညွန့် မဂ်ဆိုက်ပြီလို့ ကြားရတဲ့နေ့မှာ ခြေတော်စုံကို ဦးခိုက်ဖို့ မရောက်ရောက်အောင် လာခဲ့မှာဖြစ်ကြာင်းလဲ စကားပါးလိုက်ပါတယ်။ မဟုတ်ရင်တော့ သာသနာလောကမှာ အချောင်သမားတစ်ယောက်တိုးတယ်လို့ပဲ ယူမှတ်မှာဖြစ်ကြောင်းပါခင်ဗျား။

About nyuntshwe

A Myanmar, Buddhist, pacifist, and pragmatic person who believe that we are what we think. That leads him positive thinking and he sees the world a beautiful place, but he still likes to keep trying for a better and more beautiful world.
This entry was posted in Articles. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s