ယမန်နှစ် ဒီဇင်္ဘာ ၁၇ ရက်နေ့က ဦးဝင်းတင်ထံ ကျွန်တော် ပေးပို့ခဲ့တဲ့စာ

လေးစားအပ်ပါသော ဦးဝင်းတင်ခင်ဗျား၊

ဦးဝင်းတင်ကို တိုင်းပြည်အတွက် ရိုးသားစွာ မိမိယုံကြည်တဲ့အတိုင်း အနစ်နာခံ လုပ်ကိုင်နေတဲ့ပုဂ္ဂိုလ်လို့  ယုံကြည်တဲ့အတွက်တော့ လေးစားတာ အမှန်ပါပဲခင်ဗျား။ ဒါပေ မဲ့ ဦးဝင်းတင်ရဲ့ ယုံကြည်ချက်အပေါ်မူတည်ပြီး ပြောဆိုနေတဲ့ ပြောဆိုချက် အတော်များ များကိုတော့ ကျနော် သဘောမတူနိုင်ပါဘူး။

အနီးကပ်ဆုံးဥပမာကို ထောက်ပြပြောဆိုရလျှင် နိုဝင်္ဘာလ ၁၈ ရက်နေ့က ပါတီ မှတ်ပုံပြန်တင်ရေး၊ ရွေးကောက်ပွဲ ဝင်ရေး မဝင်ရေး အဆုံးအဖြတ်ခံယူပွဲမှာ မိမိယုံကြည် တဲ့အတိုင်း မရပ်ယုံမက ဒေါ်အောင်ဆန်းစုကြည်ကို လိုတာထက်ပိုပြီး ထောက်ခံပြမှု တ နည်းအားဖြင့် ဖားမှု မြှောက်ပင့်မှုကို အထင်းသားတွေ့ရတာပဲ ဖြစ်ပါတယ်။ ဒိနောက် ၂၁ ရက်နေ့ ဗွီအိုအေ အင်တာဗျူးမှာ ဗဟိုကော်မတီဝင်တွေက လွတ်လွတ်လပ်လပ် အားလုံး တခဲနက် ထောက်ခံတယ်လို့ ပြောတာကြားလိုက်ရပါတယ်။ အဲလိုမပြောမဖြစ်အောင် ပ ဏာမ မိန့်ခွန်းတွေချွေစဉ်က ပင်တိုင်မိန့်ခွန်းရှင်ကြီးတွေက အားလုံးညီညွတ်ကြဖို့၊ စည်း ကမ်းရှိဖို့၊ ဒေါ်စုရဲ့ ခေါင်းဆောင်မှုကို အကြွင်းမဲ့ခံယူကြဖို့ လူကြီးမင်း ၂ဦးက လည်ချောင်း ကွဲမတတ် နှပ်ကြောင်းတွေ ဒီလောက်ပေးမှတော့ ဘယ်သူက အမိုက်ခံပြီး ဆန့်ကျင်ရဲကြ တော့မှာပါလဲလို့ ကျွန်တော်ခံစားမိပါတယ်ခင်ဗျား။

ဒေါ်စုကလဲ စည်းကမ်းရှိမှ ညီညွတ်တယ်ဆိုတော့၊ တခြားအချိန်မှာ ပြောရင် သင့် ပေမဲ့၊ ဒီမဲခွဲမဲ့ကိစ္စမှာ ညီညွတ်မှ စည်းကမ်းရှိတယ်၊ စည်းကမ်းရှိမှ ညီညွတ်တယ်စသဖြင့် ပေးပြီးသားနှပ်ကြောင်းကို ထပ်ပြီး ဟပေးပြန်ပါတယ်။ ကျမနောက်က အားလုံးဝိုင်းရပ်ပေး ကြပါဆိုမှခင်ဗျာ၊ ဘယ်သူက ချွန်ပြီး ကန့်ကွက်ရဲတော့မှာပါလဲ၊ ဘေးထွက်ရပ်ရဲကြတော့မှာ ပါလဲ။ ကန့်ကွက်သူတိုင်းဟာ မညီညွတ်နိုင်သူတွေ၊ စည်းကမ်းမရှိသူတွေ ဖြစ်ကုန်မယ်ပေါ့ ခင်ဗျာ။ မြန်မာတွေရဲ့ အလေ့အထလဲ သိကြပါလျက်နဲ့ဗျာ၊ အညှာကို ကိုင်တတ်ပုံများ တော့ တော်ကြပါပေတယ်ခင်ဗျာ။

“အားလုံး ကိုယ့်အယူအဆနဲ့ကိုယ် လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ပေးကြပါ။ ဒါမှလဲ ကျနော်တို့ ကျမတို့ပါတီဟာ ကိုယ်တိုင် ဒီမိုကရေစီကျင့်သုံးတဲ့ စံပြပါတီဖြစ်ပါမယ်”လို့ ဘယ်သူမှ တစ်ခါမှ ပြောသံ မကြားရပါလားခင်ဗျာ။ လူတိုင်း ကန့်ကွက်တာ ကောင်းချင် ကောင်းပါလိမ့်မယ်၊ လူတိုင်း ထောက်ခံတယ်ဆိုတာကတော့ ဒီချုပ်ကလွဲရင် ဘယ်ပါတီ ဘယ်နိုင်ငံမှ ရှိမယ်မဟုတ်ဘူးလို့  ထင်တာပါပဲခင်ဗျာ။ အီရတ်ကို အမရေိကန်က ကျူး ကျော်စစ်ဆင်တုန်းကတောင် သူတို့ဆီးနိတ်မှာ အိုဘားမားအပါအဝင် ကန့်ကွက်သူ အနည်းငယ် ရှိခဲ့ဖူးပါတယ်။ စစ်အစိုးရတုန်းက အာဏာကို ခပ်ကြမ်းကြမ်း သုံးခဲ့တယ်၊ ကိုယ်လိုချင်တာရဖို့ ဒီချုပ်က အာဏာကို အပျော့ဆွဲ ကတ္တီပါ လက်အိပ်စွပ်နဲ့ သုံးသွားတယ်၊ ဒါပါပဲ။ အနှစ်ချုပ်ကတော့ ဘာမှ မထူးပါဘူး။ ဒီမိုကရေစီ စနစ်မှာ မရှိရမဲ့ (မရှိသင့်မဟုတ်၊ မရှိကိုမရှိရမဲ့) လုပ်ဟန်တွေပါပဲ။

ကျွန်တော်ဟာ ကိုယ့်ကိုယ်ပိုင် ယုံကြည်ချက်နဲ့ ရပ်တည်သူဖြစ်ပါတယ်။ ဒီယုံကြည် ချက်ကို ဘာသာတရားကနေ၊ အဘိဓမ္မာဆရာကြီးများရဲ့ အာဘော်များကနေ၊ ကိုယ်တိုင် ဖြတ်သန်းမှုဘဝကနေ ရရှိတာပါ၊ အားလုံး ကျနော်ကိုယ်တိုင် ထွင်းဖောက်ရရှိတာလို့ မဝါပါ ဘူး။ စစ်အာဏာရှင်ကော အရပ်သားအာဏာရှင်ကိုပါ တစ်သက်လုံး ဆန့်ကျင်သွားမှာ ဖြစ် ပေမဲ့ ကောင်းတာကိုလုပ်ခဲ့ရင် စေတနာမှန်မှန် မမှန်မှန် ထောက်ခံပါတယ်။ ဥပမာ၊ စစ် အစိုးရက ပြည်ပကပါ ကျနော်တို့ရဲ့မြန်မာနိုင်ငံကို မြန်မာလို့ ပြောင်းခေါ်ဖို့ (ပြည်တွင်း မှာကတော့ ဘယ်လိုခေါ်တယ်ဆိုတာ အားလုံးမသိချင်လို့မရအောင် သိနေကြတဲ့ မူလနာ မည်ကို) ပြဋ္ဌာန်းခဲ့တာကို ကနဦးကတည်းက လက်ခံခဲ့တာဖြစ်ပါတယ်။

နဂိုကတည်းက အဖြူရောင်ဖြစ်တဲ့ ဗျိုင်းကို ဗျိုင်းဖြူလို့ ခေါ်တာ ဘာငြင်းစရာမှ မလို ပါဘူး။ တကယ်လို့ အထွန့်တက်ပြီး ပြည်သူ့ဆန္ဒခံယူဖို့ လိုတယ်ဆိုရင်လဲ စုန်းပြူးမဆို စလောက်ကလွဲရင် ဘယ်မြန်မာနိုင်ငံသားမဆို သဘောကျမယ်ဆိုတာလောက်တော့ သိသင့်တယ်ထင်တာပါပဲ။ နောက်တချက်က တပြည်လုံးအတိုင်းအတာနဲ့ ဆန္ဒခံယူပွဲ လုပ်တယ်ဆိုတာ ငွေကြေးအမြောက်အများ သွန်ပြီးသုံးရတယ်၊ ဒါ့ကြောင့် ဘယ်အစိုးရပဲ တက်တက် နေရာတကာ ပြည်သူ့ဆန္ဒခံယူပွဲလုပ်ဖို့ မလိုဘူးလို့ မြင်ပါတယ်၊ တဆက် တည်း အင်္ဂလိပ်ပေးတဲ့ နာမည်ကို ဖက်တွယ်နေစရာလဲ ဘာအကြောင်းမှမရှိဘူးလို့ ပြောချင်ပါတယ်။

အခုဆိုရင် ဒီချုပ်က မှတ်ပုံတင်ပြီးသွားပြီး ကြားဖြတ် ရွေးကောက်ပွဲဝင်ဖို့ စိုင်းပြင်း နေပါပြီ၊ အင်မတန် ကောင်းပါတယ်၊ ရာနှုန်းပြည့် ထောက်ခံပါတယ်။ ကဲ၊ မြန်မာနိုင်ငံကို ဘယ်လိုဆက်ခေါ်ကြမလဲဗျာ။ ဦးဝင်းတင်တို့၊ ဒေါ်စုတို့ ဆက်ပြီးတော့ ဘားမားကြဦးမှာပါ လား၊ ဒါဆိုရင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို လေးစားလိုက်နာပါမည်ဆိုတာနဲ့ ညီမ ညီ၊ ဒါမှမဟုတ်ရင်လဲ ဘားမားကို ပြန်သုံးဖို့ အဲဒီဥပဒေကို ပြင်ပေးဖို့ ဈေးဆစ်ကြဦးမလား၊ ဆစ်နေကြသလားလဲ သိချင်ပါတယ်။ ကိုယ်ပိုင် ဆင်ခြင်သုံးသပ်မှုမရှိပဲ ဒေါ်စုဘာပြောပြော ဘာလုပ်လုပ် ပါးစပ်မဟခင်ကတည်းက ထောက်ခံနေကြတဲ့ သူတွေကတော့ အခုလည်း ဒေါ်စုကို သူမတူအောင် ထောက်ခံပြနေကြပါတယ်၊ နောင်လဲ အဲလိုပဲ ပြနေပါလိမ့်မယ်။ အထူးသဖြင့် ဒီချုပ်ဗဟိုနဲ့ ပြည်ပကပေါ့ခင်ဗျာ။

ကျွန်တော်ဟာ နဂိုကတည်းက ရွေးချယ်စရာမရှိတဲ့အတွက် ရွေးကောက်ပွဲလမ်းကို လိုက်ဖို့ဆော်သြခဲ့သူဖြစ်တဲ့အတွက် ဒီချုပ် မှတ်ပုံတင်တာကော၊ ရွေးကောက်ပွဲ ဝင်မှာကို ကော လှိုက်လှိုက်လှဲလှဲထောက်ခံပါတယ်။ ခြွင်းချက်အနေနဲ့ ဒေါ်စုကိုယ်တိုင်ကတော့ မဝင် သင့်ဘူးလို့ နိုဝင်္ဘာလ ၁၅ ရက်နေ့ကပို့တဲ့စာမှာ ကျနော် ရေးသားခဲ့ပြီးဖြစ်ပါတယ်။ စစ်အစိုးရကို ဘယ်တုန်းကမှ မထောက်ခံပေမဲ့ တိုင်းပြည်နာမည်ကို မြန်မာလို့ ပြောင်းပေး တာ ကျေကျေ နပ်နပ်လက်ခံခဲ့ပါတယ်။ စီးပွားရေးပိတ်ဆို့မှု၊ ကမ္ဘာလှည့်ခရီးသွားတွေကို တားမြစ်မှုတွေကို စကတည်းက သဘောမတူခဲ့ပါဘူး။

အခု ဦးသိန်းစိန်အစိုးရက ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေထဲက ကုလားကြီးလို့ ရေးထားတဲ့အပိုဒ်ကို ဘာဘူကြီး၊ အရာကြီးလို့ပြောင်းပေးတဲ့အတွက် အားလုံး ယောရော ရှိတွေ ဖြစ်ကုန်ကြပြီး၊ ဒေါ်စုကလဲ ငါကိုယ်တိုင်ဝင်လုပ်မှပဲ ဖြစ်မယ်လို့ ကောက်ချက်တွေ ချပြီးသွားတဲ့ပုံပါပဲ။

ကျနော် ဒေါ်စုကို အလွန်နှမျောပါတယ်။ နိုင်ငံရေးရဲ့အထက်ကနေပြီး တိုင်းပြည်ကို အစိုးရထက်တောင် ထိထိရောက်ရောက် ထူထောင်ပေးနိုင်တဲ့ အနေအထားရနေပါလျက် နဲ့၊ ကိုယ်ဝင်သွားတဲ့တိုင်လဲ ထူးထူးခြားခြား ပြောင်းလဲဖို့မရှိတဲ့အပြင်၊ ကိုယ့်အောက်ကလူ တွေ ဝင်လုပ်ရင်လဲ ရနိုင်တဲ့အရာတွေအတွက် ကိုယ့်နာမည်ကို သူတို့ ကြိုက်တဲ့နေရာမှာ အသုံးချခံပြီး ရေရှည်အတွက် အကျိုးသိပ်မများတဲ့အပြင် နာမည်တောင်ပျက်နိုင်တဲ့ လုပ်ရပ် ဖြစ်တဲ့အတွက် ပြင်စေချင်တာပါ။  ဒါက တချက်။

ဒီချုပ်မှာ မန် မိုဟန်ဆင်း တစ်ယောက်မှ မရှိဘူးလား၊ ရှာပါ၊ သေချာပေါက် ရှိနေ မှာပါခင်ဗျာ။ ကျနော် တွေ့ထားပြီးသားပုဂ္ဂိုလ်တော့ ရှိပါတယ်၊ အခုအသက် ၈၅နှစ်ရှိပြီ ဖြစ်ပေမဲ့ အနည်းဆုံး လွှတ်တော်သက်တမ်းတစ်ခုအထိ ကောင်းကောင်း ပါတီကို ထိန်းသိမ်းပြီး တာဝန်ထမ်းဆောင်သွားနိုင်သေးတဲ့ ပါတီ ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးပါ။

နောက်တချက်က အတိုချုံးပြန်ပြောရရင် ဒေါ်စုမှာ နိုင်ငံခြားသား သား ၂ယောက် ရှိတယ်၊ ယောက္ခမ၊ ယောက်မ စသဖြင့် တဇင်နွယ် နိုင်ငံခြားသား တွေလဲ အများအပြား ရှိတယ်။ ခင်ပွန်းသည်ကတော့ ဆုံးသွားလို့ ထားပါတော့၊ သားတွေ မြန်မာစကား မပြောတတ်တဲ့အပြင် မြန်မာလူမျိုး ဖြစ်ချင်တယ်ပြောသံ မကြားဖူးဘူး။ ဒီ ခေတ်မှာ သူဋ္ဌေးနိုင်ငံက မျိုးခြား ဘာသာခြားတွေနဲ့ လက်ထပ်ထားသူမြန်မာတွေ တိုးပြီးရင်း တိုးနေတယ်။ အရင်းရှင်နိုင်ငံရေးဟာ ငွေများရင် နိုင်ခြေရှိတဲ့ နိုင်ငံရေးဖြစ်တယ်။ အမတ်လောက်၊ ဝန်ကြီးလောက်တော့ လုပ်ချင်သူတွေ အများအပြားပေါ်နိုင်တယ်။ ဒီအကြောင်း ၂ခုကို အခြေခံပြီး ဒေါ်စုဟာ နောင်လာနောက်သားတွေ အတွက် စံအနေနဲ့ အမတ်ဖြစ်ဖို့၊ အစိုးရအဖွဲ့ဝင်ဖြစ်ဖို့ကို ရှောင်သင့်တယ်၊ ပုဒ်မ ၅၉ ၊ ၁၂၁ တို့ကို ပြင်ဆင်ခွင့် လုံးဝ (လုံးလုံး) မတောင်းသင့်ဘူးလို့ ထပ်မံ ပြောလိုက်ပါတယ်။ တကယ်လို့ ဇွတ်လုပ်မှာပဲ ဆိုရင် မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းထဲက ပိဋကတ်တော် ဒီဃနိကယ်လာ သင်္ဂါလသုတ် (သိင်္ဂါလောဝါဒသုတ်)ကို ပယ်ဖျက်သင့်ကြောင်း၊ ဒါမှမဟုတ် မြန်မာသုံး ပိဋကထဲကနေ ထုတ်ပစ်ဖို့ ပြောကြ ဟောကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

ဗုဒ္ဓကို ဆရာတင်ထိုက်သေးတယ်၊ လေးစားထိုက်သေးတယ်၊ ကိုးကွယ်ဆည်းကပ် ထိုက်သေးတယ်လို့ ယူဆသေးလျှင်တော့ ဗုဒ္ဓရဲ့ဥပဒေသတွေဟာ ပြုသာပြင်သာ ပြောင်း သာတဲ့ အရာတွေ မဟုတ်တဲ့အတွက် ဖောက်ဖျက်သူဟာ ကိုယ့်ဖာသာ တာဝန်ယူရဲဖို့ လိုကြောင်း ထပ်မံတိုက်တွန်းလိုက်ပါတယ်။ ငါမှ မလုပ်ရင် မဖြစ်ဘူးဆိုတာ မရှိဘူး၊ ဒေါ်စုများ တစုံတခုကြောင့် ဘဝတပါးပြောင်းသွားရင် အားလုံးလိုက်သွားကြမလားဆိုတာ ကိုလဲ စဉ်းစားကြပါ။ မကောင်းတဲ့ မှားတဲ့ အစဉ်အလာကို အမှန်မလုပ်မိအောင် ဦးဝင်း တင်အနေနဲ့လဲ ရှေ့မျက်နှာ နောက်ထားပြီး ဒေါ်စုကို ဆွေးနွေးပေးသင့်တယ်ထင်တဲ့ အတွက် ဒီစာကို ဦးဝင်းတင်ဆီ လိပ်မူပြီး ရေးလိုက်တာဖြစ်ပါတယ်။ ဒေါ်စုကိုယ်တိုင်ကော ကျန်တဲ့အဖွဲ့ချုပ် လူကြီးတွေကော ဒီကိစ္စကို အလေးအနက် ဆင်ခြင်သုံးသပ်ပြီး မြန်မာ့ ဓလေ့ မြန်မာ့ယဉ်ကျေးမှုကို ခေါင်ကစမိုးလုံအောင်၊ မိုးမလုံလို့ မိုးယိုခဲ့သော် တာဝန်ရှိသူ ကိုယ်တိုင်က ခွက်ကိုင်ပြီးရေခံပေးတဲ့အလုပ် တက်ဖာပေးတဲ့အလုပ်လုပ်ဖို့ တိုက်တွန်း ကြောင်းပါခင်ဗျား။

အားလုံး ကျန်းမာရွှင်လန်းစွာဖြင့် လျှောက်သင့်တဲ့လမ်းကို လျှောက်နိုင်ကြပါစေ၊

ညွန့်ရွှေ

(၁၉၈၈-၁၉၉၁ ဖေဖေါ်ဝါရီ ကာလ ဒီချုပ် (သင်္ကန်းကျွန်း) ဦးဆောင်ကော်မတီအဖွဲ့ဝင်)

ခေတ္တ၊ တိုကျို  (nyuntshwe45@yahoo.com)

About nyuntshwe

A Myanmar, Buddhist, pacifist, and pragmatic person who believe that we are what we think. That leads him positive thinking and he sees the world a beautiful place, but he still likes to keep trying for a better and more beautiful world.
This entry was posted in Critiques. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s