ဒေါ်စု ရွေးကောက်ပွဲ မဝင်သင့်တဲ့အကြောင်း

(အောက်ပါစာကို ဒေါ်အောင်ဆန်းစုကြည်ထံသို့ ပြီးခဲ့တဲ့နှစ် နိုဝင်္ဘာလ ၁၄ ရက်နေ့တွင် အဖွဲ့ချုပ် အီးမေးလ်လိပ်စာဖြင့် ကျနော် ပေးပို့ခဲ့ပါသည်။ ယခုအခါ ဒေါ်စုအနေဖြင့် ကော့မှူးမြို့နယ်မှ ရွေးကောက်ပွဲဝင်မည်ဟု အတိအလင်းကြေငြာပြီးဖြစ်သည့်အတွက် ကျနော် ပေးပို့ခဲ့သောစာကို အများလေ့လာနိုင်အောင် တင်ပေးလိုက်ကြောင်းပါခင်ဗျား။)

ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား၊

လေးလေးစားစား စာရေးလိုက်ပါတယ်။ ဒီချုပ် ပြန်လည်မှတ်ပုံတင်ရေးနဲ့ ကြားဖြတ် ရွေးကောက်ပွဲဝင်ရေးကို လှိုက်လှိုက်လှဲလှဲ ထောက်ခံကြောင်းကို ဦးစွာ ပြောကြားပါရစေ။ ကျနော်ဟာ ရွေးချယ်စရာမရှိတဲ့အတွက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကိုလဲ ကနဦးက တည်းက ထောက်ခံခဲ့သလို ဒီချုပ်ကိုလည်း လက်ခံပြီး လာမဲ့ ရွေးကောက်ပွဲမှာ နေရာများ များအနိုင်ရအောင် ကြိုတင်ပြင်ဆင်သင့်တယ်လို့ ၂၀၀၈ ခုနှစ် ဧပြီလလောက်ကတည်းက ဘီဘီစီ သို့မဟုတ် ဗွီအိုအေ လေလှိုင်းမှာ အဲဒီအချိန်က ဒီချုပ် ဦးသိန်းညွန့်၊ ကျောင်းသား ခေါင်းဆောင် ကိုကိုကြီး၊ သြစတြေးလျမှ ဒေါက်တာမြင့်ချိုတို့နဲ့ ဆွေးနွေးဖလှယ်ပွဲမှာ ပြောကြားတိုက်တွန်းခဲ့ဖူးသူဖြစ်ပါတယ်။

ဒီချုပ်က ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့၊ ပါတီမှတ်ပုံမတင်ဖို့ ဆော်သြနေစဉ် တုန်းကလဲ မှားတယ်လို့ ဝေဖန်ခဲ့ပြီး ပြန်လည်ပြင်ဆင်သင့်ကြောင်း The Japan Times သတင်းစာမှာ Life or Death for Suu Kyi’s Party ဆိုတဲ့ ဆောင်းပါးကို ရေးပြီး ထပ်မံ တိုက်တွန်းခဲ့ပါတယ်။ မအောင်မြင်ခဲ့ပါဘူး။ ဒီချုပ်ဟာ စစ်အစိုးရရဲ့ဆိုင်းချက်အတိုင်း ကွေး နေအောင် ၀င်ကခဲ့ပါတယ်။ ပြီးသွားခဲ့ပြီဖြစ်တဲ့အတွက်ရယ်၊ ဒီချုပ်အနေနဲ့ သင်္ခန်းစာ တစ်ခု ယူနိုင်ခဲ့တယ်လို့ယူဆတဲ့အတွက် ဒီကိစ္စကို ဒီမှာပဲ ရပ်ခဲ့ပြီး အရေးကြီးတဲ့ လတ်တလော ကိစ္စအပေါ် ဖြစ်သင့်တယ်လို့ယုံကြည်တဲ့ ကျနော့်ရဲ့သဘောထားကို ဆက်လက် တင်ပြလို ပါတယ်။

ကနဦးကပြောခဲ့သလို အခုပါတီမှတ်ပုံတင် ပြန်လုပ်ဖို့ကိစ္စဟာ မှန်ကန်ပြီး မလုပ်ရင် ဒီချုပ်အနေနဲ့ ပြည်သူကို ဒုတိယအကြိမ်ကြောခိုင်းရာ ရောက်မှာဖြစ်တဲ့အတွက် မလွှဲမသွေ လုပ်ရမဲ့အလုပ်လို့မြင်ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲကို မှတ်ပုံတင်ဥပဒေအရ သေချာ ပေါက် ၀င်ကြရမှာဖြစ်ပေမဲ့ ဒေါ်စုကိုယ်တိုင် ၀င်အရွေးခံဖို့ကတော့ အလွန်မှ မသင့်လျှော် တဲ့အတွက် မ၀င်ဖို့ တိုက်တွန်းလိုပါတယ်။ ဘာကြောင့် မ၀င်သင့်သလဲဆိုတာ ကျနော် တ ချက်ခြင်းတင်ပြသွားပါမယ်။

၁။ ဒေါ်စုဟာ နိုင်ငံခြားသားနဲ့ လက်ထပ်ခဲ့သူ ဖြစ်ပါတယ်၊ အိမ်ထောင်ဖက်နဲ့ ဘာသာတူ မတူကိုတော့ ကျနော် အသေအချာမသိပါဘူး။ တူလဲပဲ အခြေခံကျတဲ့ ပထမအချက်ကို မခြေဖျက်နိုင်ပါဘူး။ ကိုယ်ချစ်တဲ့သူနဲ့ လက်ထပ်တာကို ထူးထူးခြားခြားကန့်ကွက်စရာ အကြောင်းမရှိပါဘူး။

ဒါပေမဲ့ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ ကျောရိုးဖြစ်တဲ့ ပိဋကတ်တော်၊ ဒီဃနိကယ် သိင်္ဂါလော ၀ါဒသုတ်လာ လူမှုဝတ္တရားတွေထဲက သားသမီးဝတ်ကို ချိုးဖောက်ခဲ့တဲ့အတွက် တာဝန်ယူ ရမှာ ဖြစ်ပါတယ်။ ဒါမှလဲ ကျနော်တို့ခလေးဘ၀ စာမဖတ်တတ်၊ စာမရေးတတ်ခင်ကတည်း က ဆရာများ၊ ဘုန်းကြီးများကနှုတ်တက် သင်ပေးခဲ့သလို ယခုခေတ် ကျနော်တို့သားသမီး မြေးမြစ်တွေကို ဆက်လက် သင်ကြားပေးသင့် လိုက်နာဖို့တိုက်တွန်းသင့်တဲ့ အခြေခံကျင့် ၀တ်များ ဖြစ်ပါလိမ့်မယ်။

၂။ တကယ်လို့ ဒီအဆုံးအမတွေဟာ ခေတ်မမီတော့ဘူး၊ တာဝန်ယူဖို့မလိုဘူးလို့ ကိုယ်တိုင် က ယူဆတယ်ဆိုရင် သက်ဆိုင်ရာ မြန်မာ့သံဃမဟာနာယကနဲ့ အစိုးရတာဝန်ရှိသူတွေကို ဒီသုတ္တာန်ဒေသနာကို ပိဋကတ်တော်ကနေ ထုတ်ပယ်ပေးဖို့ပါ တောင်းဆိုသင့်တယ်လို့ မြင် ပါတယ်။ အဲဒီအချိန်မှာ ဘယ်သူကမကန့်ကွက် မကန့်ကွက်၊ ကျနော်ကတော့ မထုတ် ပယ်သင့်ကြောင်း အသေအချာ ကန့်ကွက်ပါဦးမယ်။ ပြည်တွင်းက ပြည်သူအများတကာရဲ့ အသဲနှလုံးကို ရနေသူ ခေါင်းဆောင်တစ်ဦးအနေနဲ့ ကျနော်တင်ပြတဲ့အခွင့်အရေးတွေကို စွန့်ဖို့ လေးလေးနက်နက် ထပ်မံတိုက်တွန်းပါတယ်။ ဒါမှလဲ ကျမ ရာထူးမမက်ဘူး၊ နေရာ မမက်ဘူးလို့ ပြောခဲ့ဖူးတာတွေဟာ အဓိပ္ဗါယ်ရှိလိမ့်မယ်လို့လဲ ထောက်ပြလိုက်ပါတယ်။

၃။ ၁၉၄၇ ခုနှစ်က သခင် (ဦး) အောင်ဆန်းကိုယ်တိုင် ဦးဆောင် ရေးဆွဲအတည်ပြုခဲ့တဲ့ လွတ်လပ်ပြီးခေတ် မြန်မာ့ပထမဆုံး အခြေခံဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေ၊ ပုဒ်မ ၇၄ (၁) ကို၎င်း၊ ၂၀၀၈ အခြေခံဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေ ပုဒ်မ ၅၉ (စ)၊ ၁၂၁ (စ) တို့ကို၎င်း ယနေ့ ခေတ်လို နိုင်ငံခြားသားများ၊ ဘာသာကွဲများနဲ့ လက်ထပ်ကြသူတွေများလာတဲ့အချိန်မှာ ဒေါ်စုအနေနဲ့ မြတ်ဗုဒ္ဓရဲ့ဟောကြားသွန်သင်ချက်အပေါ် အခြေပြုထားတဲ့ မြန်မာ့လူမှုကျင့် ၀တ်များကို၎င်း လေးစားတန်ဖိုးထားသင့်ပါတယ်။ အကြောင်းတစ်စုံတစ်ရာကြောင့် မလိုက် နာနိုင်ခဲ့လျှင် ဘယ်သူပဲဖြစ်ဖြစ် တာဝန်တစ်ခုခုကိုတော့ ယူသင့်ပါတယ်။

လွှတ်တော်အမတ်ရွေးချယ်ခံပိုင်ခွင့်၊ သမတဖြစ်ခွင့်စတဲ့ အခွင့်အရေးတွေဟာ ယျေဘု ယျအားဖြင့် နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးဖြစ်တာ မှန်ပေမဲ့ မိမိချိုးဖောက်ခဲ့တဲ့ သားသမီးဝတ္တရားအတွက် စံပြပုဂ္ဂုလ်အနေနဲ့ စွန့်လွှတ်သင့်တယ်လို့ အထူးတိုက်တွန်း လိုပါတယ်။ လောလောဆယ် ပြည်သူလူထုရဲ့ ထောက်ခံမှုများအပေါ်ပဲ မူတည်ပြီး ဒီအခွင့် အရေးကို အမိအရဖမ်းဆုပ်မယ်ဆိုရင် နောင်တရမဆုံးဖြစ်ရမည့်သူမှာ ဒေါ်စုကိုယ်တိုင်ပဲ ဖြစ်လိမ့်မယ်လို့ ကျနော် ရိုးသားစွာ သတိပေးပါတယ်။

၎။ ဒေါ်စုအနေနဲ့နိုင်ငံရေးနယ်ပယ်မှာပဲ အဓိကပါဝင်ပတ်သက်ချင်ရင် အိန္ဒိယ ကွန်ဂရက် ပါတီခေါင်းဆောင် ဆိုနီယာဂန္ဓီလို ပါတီခေါင်းဆောင်အနေနဲ့ပဲ နေသင့်တယ်လို့ ကျနော် မြင်ပါတယ်။ ဆက်စပ်လို့ပြောရရင် အီတလီသူ ဆိုနီယာဂန္ဓီဟာ ၁၉၆၅ ခုနှစ် ရာဂျစ်ဂန္ဓီနဲ့ လက်ထပ်ပြီးကတည်းက အိန္ဒိယကို လိုက်လံနေထိုင်ခဲ့သူဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူ နိုင် ငံရေးထဲ ၀င်ဖို့ဖြစ်လာတဲ့ ၁၉၈၃ ခုနှစ်မှာ အီတလီနိုင်ငံသားအဖြစ်ကို အပြီးတိုင်စွန့်လွှတ် ပြီး အိန္ဒိယ နိုင်ငံသားအဖြစ် ခံယူခဲ့ပါတယ်။ သားသမီးများဟာလဲ အိန္ဒိယအမည်နဲ့ အား လုံး အိန္ဒိယနိုင် ငံသားများချည်း ဖြစ်ပါတယ်။ ဆိုနီယာဂန္ဓီဟာ ခင်ပွန်းဖြစ်သူနောက်ကို လိုက်ခဲ့ကတည်း က အိန္ဒိယယဉ်ကျေးမှု၊ ဘာသာစကားတွေကို ကျကျနန လေ့လာဆည်း ပူးခဲ့သူဖြစ်တယ်ဆို တာ ဒေါ်စုလဲ အသိဖြစ်ပါတယ်။

ဒါပေမဲ့ ဒေါ်စုရဲ့ ခင်ပွန်းသော်၎င်း၊ သားများသော်၎င်း မြန်မာနိုင်ငံသား ခံယူဖို့ ဘယ်တုန်း ကမှ စိတ်ကူးခဲ့တယ်လို့ ကျနော်တို့ မကြားဘူးသလို မြန် မာစကားပြောတတ်တယ်လို့လဲ မကြားဘူးကြပါဘူး။ ဆိုနီယာဂန္ဓီကိုယ်တိုင်ဟာ နိုင်ငံရေး ထဲကို ၂၀၀၄ခုနှစ်ယောက်မှ မိ သားစုအစဉ်အလာကိုထိန်းသိမ်းဖို့ ၀င်ခဲ့သူဖြစ်ပါတယ်။ အိန္ဒိယပြည်သူအများစုက ခွက် ခွက် လန်အောင် ထောက်ခံခဲ့တဲ့အတွက် အနိုင်ရခဲ့ပေမဲ့ သူကိုယ်တိုင် ၀န်ကြီးချုပ်တာဝန် ယူခဲ့ရင် ဟိန္ဒူမျိုးချစ်တွေအကြားမှာ အကြီးအကျယ် ပြဿနာတွေ တက်နိုင်တဲ့အတွက် သူဟာ လူ တိုင်းမက်မောလှတဲ့ အခွင့်အရေးကိုစွန့်လွှတ်ပြီး သူ့နောက်က လူတော်တစ် ယောက်ကို တင်ပေးခဲ့ပါတယ်။ ဒါဟာ ဒေါ်စုအတွက် အင်မတန်မှ အတု ယူသင့်တဲ့ ဥပမာ ဖြစ်တယ်လို့ ကျနော် ရိုးသားစွာ မြင်ပါတယ်။

၅။ အခုတင်ပြမဲ့ ကျနော့်ရဲ့အာသီသကတော့ ဒေါ်စုကို နိုင်ငံရေးရဲ့အထက်မှာ သိက္ခာရှိ ရှိနဲ့ ခန့်ခန့်ငြားငြား နေစေချင်တဲ့အာသီသပါပဲ။ နိုင်ငံရေးမှာ ဒေါ်စုမရှိရင် မဖြစ်ဘူးလို့ ယုံ ကြည် သူ အများစုထဲမှာ ကျနော် လုံးဝမပါပါဘူး။ နိုင်ငံရေးအတွင်းစည်းရဲ့ အပြင်ဖက်က နေလဲ တိုင်းပြည်ကို အဖိုးတန်အကြံဥာဏ်တွေ ပေးနိုင်ပါတယ်။ အထူးသဖြင့် ဒေါ်စုလို အ များတကာ လေးစားမှု ထောက်ခံမှုရနေသူအနေနဲ့ ပိုပြီးပေးနိုင်ပါတယ်။ ဖြစ်သင့်တာက တော့ ဒေါ် စုဟာ မြန်မာ ပြည်သူတွေကို ဒီမိုကရေစီပညာပေးဖို့၊ လူငယ်တွေကို မြေတောင် မြှောက်ပေး ဖို့၊ ပြည်သူ တွေကို ဆင်းရဲတွင်းက ထွက်နိုင်အောင် မိမိမှာရှိတဲ့အင်အား၊ မိမိ ကိုထောက်ခံပံ့ ပိုးကြမဲ့ ပြည်တွင်းပြည်ပအင်အားများကို အသုံးချပြီး ကူညီတာတွေ နည်း ပေးလမ်းပြတာ တွေ စသဖြင့်လုပ်သင့်ပါတယ်။

အထူးသဖြင့် ပညာရေးဖက်မှာ လက်ရှိအစိုးရက ကိုယ်ပိုင်ကျောင်းများ ဖွင့်ခွင့်ပေးနေပြီဖြစ် တဲ့အတွက် ဒေါ်စုအနေနဲ့ မူလတန်းကနေ တက္ကသိုလ်ကျောင်းများအထိ ထူထောင်ပြီး အ ထက်တန်းကျတဲ့ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်တဲ့ ပညာရေးကို မြန်မာလူငယ်များကို ပေး သင့်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေမှာလဲ ဒေါ်စုအနေနဲ့ ထိထိ ရောက် ရောက် ကူညီနိုင်တဲ့အင်အားတွေ ရှိပါတယ်။ ဒီနည်းနဲ့ တိုင်းပြည်ကို ကူညီစောင့် ရှောက်တာဟာ နောင်အနာဂါတ်မှာ အာဏာရှင်တွေ ပေါ်မလာဖို့ အကောင်းဆုံးတားမြစ် နိုင်တဲ့နည်းလဲ ဖြစ်တဲ့အပြင် ဒေါ်စုလဲပဲ သမိုင်းမှာ ထာဝရတင်ကျန်ရစ်ပါလိမ့်မယ်လို့ အ လေးအနက် ပြောချင်ပါတယ်။ အစိုးရအဖွဲ့ထဲရောက်သွားလို့လဲ ထူးထူးခြားခြားလုပ်နိုင် စရာ သိပ်မမြင်တဲ့အ ပြင် မတော်တဆ သားကောင်ဖြစ်သွားမှာတောင် ကြောက်ရပါတယ်။

၅။ နောက်ထပ် ဒေါ်စုကို ပြောချင်တဲ့ ကျနော့်အမြင်တစ်ခုကတော့ အခုအချိန်မှာ သာမာန် ပြည်သူတွေ မဆိုထားပါနဲ့၊ ဒေါ်စုကိုယ်တိုင်လေးစားပါတယ်ဆိုတဲ့ ဘယ်လက်ရုံး ညာလက် ရုံးကြီးတွေကိုယ်တိုင် ဒေါ်စုရဲ့လောင်းရိပ်အောက်မှာ မိ ပိနေပါတယ်။ သူတို့ ဘယ်တော့မှ အရည်အချင်းပြည့်တဲ့ ခေါင်းဆောင်တွေ၊ ကိုယ့်ဖာသာရပ်တည်ရဲတဲ့ ခေါင်းဆောင်တွေ မ ဖြစ်နိုင်ပါဘူး။ ဥပမာ၊ ဦးဝင်းတင်ကို အာရ်အက်ဖ်အေက ဒေါ်စုမရှိရင် ဒီချုပ်ဘာဖြစ်မလဲလို့ မေးခဲ့စဉ်က၊ ဒေါ်စု ထွက်သွားရင်ပဲဖြစ်ဖြစ်၊ သေသွားရင်ပဲဖြစ်ဖြစ် ဒီချုပ်ဟာ ဒေါ်စုနဲ့အတူ ပါ သွားမယ် ပျက်သွားမယ်၊ ဒေါ်စုမရှိရင် ဒီချုပ်လဲ မရှိနိုင်ဘူးလို့ ပြောခဲ့တာသာ ကြည့်ပါလို့ ပြောပါရစေ။

အခု ပါတီမှတ်ပုံ တင်သင့် မတင်သင့်၊ ကြားဖြတ်ရွေးကောက်ပွဲ ၀င်သင့်မ၀င်သင့် ကိစ္စမှာ လဲ ပါတီဝင် အများစုက ဒေါ်စုကိုယုံတယ်၊ ဒေါ်စုက တင်သင့်တယ်ဆိုရင် တင်၊ ဒေါ်စုက ၀င်ဆိုရင် ၀င်ဖို့သဘောတူတယ်လို့ ပြောနေကြတာ ဒေါ်စုလဲ ကြားမှာပါ။ ကိုယ်ပိုင် အတွေး အခေါ်ရှိဖို့၊ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် ပြောနေကြတယ်ဆိုတာ မမြင်ရပါဘူး။ အခု ဒီချုပ်အ ဖွဲ့ဝင်တွေနဲ့ ပြည်ပက မျက်ကန်းနောက်လိုက်အတော်များများဟာ ဒေါ်စုရဲ့အသံကိုပဲ အဓိ ကထားပါတယ်။ ဒီတော့ ဘာဖြစ်လာသလဲဆိုတော့ ဒေါ်စုအမြင်နဲ့ ဆန့်ကျင်ပြီး တင်ပြလာ ရင် အနောက်တိုင်းက ၀ါရင့်သတင်းစာဆရာတွေကအစ အားလုံးကို ပျစ်ပျစ်နှစ်နှစ် ၀ိုင်း ဆော်ကြတာပါပဲ။ ခြေခြေမြစ်မြစ်ဖတ်ပြီး ခေါင်းအေးအေးနဲ့ သူတင်ပြတာ ကျိုးကြောင်း ဆီ လျော် မလျော်ထည့် မတွက်ပါဘူး။ အကျိုးသင့်အကြောင်းသင့်လဲ မဝေဖန်တတ်ကြပါဘူး။ ဒေါ်စုနဲ့ လိုင်းတူသလား မတူဘူးလား၊ မတူလို့ကတော့ ပြောရရင် လွန်ရာကျပါလိမ့်မယ်၊ ဗုဒ္ဓရှင်သော်မှ ချမ်းသာပေးလိမ့်မယ် မဟုတ်သလိုကို ဖြစ်နေတာပါပဲခင်ဗျာ။

ဒါတွေကို အသေအချာတွက်ကြည့်ရင် အရိပ်အာဝါသကြီးလှတဲ့ သစ်ပင်ကြီးအောက်မှာ သစ်ပင်ငယ်လေးတွေ မကြီးထွားနိုင်သလိုပါပဲ။ ဒေါ်စုရဲ့ အရိပ်ကို နေရာသစ်ဆီရွှေ့သင့် ပြီလို့ ကျနော် ယုံကြည်ပါတယ်။ ဒီလိုလုပ်မှသာ ဒေါ်စုကို ပုဂ္ဂိုလ်ရေး ကိုးကွယ်ရုံသာမက ဘာမဆိုဒေါ်စုမှ ဒေါ်စု ဆိုတဲ့ မျက်ကန်း နောက်မြီးဆွဲဘ၀ကနေ ကင်းလွတ်ပြီး တိုင်းပြည် အတွက် အဖိုးတန်တဲ့ အားကိုးထိုက်တဲ့ နိုင်ငံရေးခေါင်းဆောင်တွေ ဖြစ်ခွင့်ရကြလိမ့်မယ် လို့ ယုံကြည်ပါကြောင်း တင်ပြလိုက်ရပါတယ်ခင်ဗျား။

လေးစားစွာဖြင့်

ညွန့်ရွှေ

နိုဝင်္ဘာလ ၁၄ ရက်၊ ၂၀၁၁

ခေတ္တ၊ တိုကျိုမြို့

အခု ဒီနေ့ ဇန္န၀ါရီလ ၂၆ ရက်နေ့မှာ ဒေါ်စုဆီစာပို့တုန်းက ကျန်သွားတဲ့ အချက်ကလေးတစ်ခုကို ဒီအောက်မှာ ခုလို ထပ်ဖြည့်လိုက်ပါတယ်။ အပေါ်မှာ အချက် (၅) ချက်နဲ့ ရေးခဲ့တဲ့အတွက် အခု ဖြည့်စွက်ချက်ကို (၆) အနေနဲ့ ဖြည့်စွက်လိုက်ပါတယ်။

(၆) ဒေါ်စုခင်ဗျား၊ ကျနော် ၁၃ နှစ်သားကစလို့ ကိုယ့်တိုင်းပြည်ရဲ့သမိုင်းကို မြတ်နိုးဂုဏ်ယူသူ တစ်ယောက်ဖြစ်အောင် ဆရာများ၊ သမိုင်းနဲ့ နိုင်ငံရေး စာရေးဆရာများရဲ့ ပံ့ပိုးမှုနဲ့ ထုဆစ်ပုံသွင်းခဲ့ပါတယ်။ ကျနော် အလေးစားဆုံးနိုင်ငံရေးခေါင်းဆောင်ဟာလဲ အများတကာ့အများစုနဲ့ထပ်တူ ဒေါ်စုရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းပါပဲ။ ကျနော် ဂုဏ်ယူတဲ့နိုင်ငံရဲ့ တိုင်းပြည်ခေါင်းဆောင်တစ်ဦးဆီကို သူ့ရဲ့ နိုင်ငံခြားသား သွေးရင်းသားရင်းတွေ လာလည်ကြတယ်၊ ခဲအို  ယောက်မ ယောက္ခမ ယောက္ခထီးတွေ လာလည်ကြတယ်ဆိုတဲ့ သတင်းစာ ဂျာနယ်တွေက စာလုံးမဲကြီးတွေနဲ့ ရုပ်မြင်သံကြားက ရုပ်သံတွေဟာ တိုင်းပြည်နဲ့ ပြည်သူတွေကို ထင်သာမြင်သာ သိက္ခာချလိုက်တာဖြစ်လာလိမ့်မယ်လို့ မြင်ပါတယ်၊ အတွေးနဲ့ကိုပဲ ရင်ထဲမှာ ဝမ်းနည်းကြေကွဲရပါတယ်။

ကျနော့်အနေနဲ့ ဒေါ်စုရဲ့ထင်ပေါ်ကျော်ကြားမှု ဆူနာမီရေလှိုင်းကြီးကို ဘယ်သူမှ မတားနိုင်ဘူးဆိုတာ သိပါတယ်။ ဒါပေမဲ့ အဲဒီဆူနာမီလှိုင်းကြီးကို တားနိုင်တဲ့ တစ်ဦးတည်းသောသူကိုလဲ မြင်နေပါတယ်၊ အဲဒါ ဒေါ်စုပါ၊ လုပ်သင့်တာကို လုပ်နိုင်တဲ့သူ လုပ်တဲ့သူဖြစ်ပါစေလို့ ဆန္ဒသာ ပြုလိုက်ကြောင်းပါခင်ဗျား။

About nyuntshwe

A Myanmar, Buddhist, pacifist, and pragmatic person who believe that we are what we think. That leads him positive thinking and he sees the world a beautiful place, but he still likes to keep trying for a better and more beautiful world.
This entry was posted in Critiques. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s