Monthly Archives: January 2012

အပ်ဖျားပေါ်တင်ထားတဲ့ မုန်ညင်းစေ့ ဘယ်ကျသွားလဲဟ

ဒီလောက်တော့ ပြောလိုက်ဦးမယ်။ အများစု နားမခံသာဘူး၊ နားမဝင်ဘူးဆိုတာ သိပေမဲ့၊ ကိုယ့်တာဝန်က ပြောရ ရေးရမဲ့ တာဝန်ဖြစ်တဲ့အတွက် ဘာမှမငဲ့ကွက်ပဲ သာသနာသန့်စင်ရေးအတွက် ရေးလိုက်ရပြန်ပါပြီ။ ဘုန်းကြီးတချို့ နိုင်ငံရေးကို ဒီလောက်ထိ စိတ်ပါတယ်ဆိုရင် ဘာလို့ လွတ်လွတ်ကျွတ်ကျွတ် လူထွက်၊ ကိုယ်ကြိုက်တဲ့ပါတီထဲဝင်ပြီး မလုပ်ကြတာလဲဆိုတာကနေ ဘုန်းကြီးတွေကို ခုတုံးလုပ်ပြီး နောက်လိုက် မရှာကြဖို့ ရေးပါ့မယ်။ နိုင်ငံရေးဘုန်းကြီးတွေ ဘာလို့ လူထွက်ပြီး နိုင်ငံရေးမလုပ်ကြတာလဲဆိုတဲ့ အဖြေကိုသူတို့ ကိုယ်တိုင် အဖြေသိပေမဲ့ မဖြေရဲပါဘူး။ အဲဒီအဖြေက လူတွေအပေါ် အပေါ်စီး လက်အုပ်ချီ ရှိခိုးမခံရမဲ့အရေး၊ … Continue reading

Posted in Critiques | Leave a comment

ပရမ်းပတာ ဝင်ငွေခွန် ကင်းလွတ်ခွင့်ဟာ အပေါစားမျက်နှာလုပ်တာသာဖြစ်

မောင်ညွန့်(မင်းကျောင်းတိုက်) ဒီနေ့ရေးမဲ့ကိစ္စကတော့ ရေးချင်နေတာ ကြာပြီဖြစ်တဲ့ အစိုးရလုပ်နေတဲ့ “ပရမ်းပတာ ကိစ္စတွေ” ထဲက အခွန်စည်းကြပ်မှုကိစ္စနဲ့ ပတ်သက်ပါတယ်။ နိုင်ငံခြားမှာ အလုပ်လုပ်ကိုင်နေကြတဲ့ ကိုယ့်နိုင်ငံသားများအပေါ်နဲ့ ကျိကျိတက် လုပ်ငန်းရှင်ကြီးများအပေါ် အတိုင်းအထက်အလွန် သဘောကောင်းပြတာဟာ ပြည်သူအများစုကြီးကို အကြီးအကျယ်ထိခိုက်နေလို့ ဖြစ်ပါတယ်။ ကျနော် သြစတြေးလျမှာ ၁၉၉၁ လောက်က တရားဝင် အလုပ်လုပ်ခဲ့ဖူးပါတယ်။ ကျနော့်လခက များများစားစား မဟုတ်ပါဘူး။ တစ်လ ၁၆၆၇ ဒေါ်လာလောက်ပါ။ အဲဒီအထဲကနေ သြစတြေးလျ အစိုးရကို ၂၈% အခွန်ပေးရပါတယ်။ ကိုယ့်နိုင်ငံအစိုးရကိုလဲ အခွန်ပေးရပါတယ်။ နှစ်နိုင်ငံ … Continue reading

Posted in For-my-Country | Leave a comment

ပရမ်းပတာ တိုင်းပြည်ကို ရောင်းစားရာကျတဲ့ ပထမခြေတစ်လှမ်း

“အဲဒီခြေထောက်ကို သွင်သွင်ကျိုးအောင် ရိုက်ချိုးကြ”   သမတကြီးဦးသိန်းစိန်အစိုးရကို အချို့ကိစ္စများမှာ ကျနော် ချီးကျူးခဲ့ပါတယ်၊ အပြောင်းအလဲတွေအတွက် အားလဲ အားပေးပါတယ်။ ဒါပေမဲ့ ဒီမနက်ကြားလိုက်ရတဲ့ ပြည်ပ ရေဒီယိုသတင်းများအရ အတော့်ကို စိတ်ဝမ်းမချမ်းမမြေ့ဖြစ်ရပါတယ်။ နိုင်ငံခြားသားလုပ်ငန်းရှင်တွေကို မြေဧက ၅၀,၀၀၀ စီ ငှားရမ်းမယ်ဆိုတဲ့ သတင်းဟာ သတင်းကောင်းမဟုတ်ပါဘူး။ တိုင်းပြည်ရဲ့သဘာဝတောင်တောင်တွေ အလျင်အမြန် ပျက်စီးပြီး ပြည်သူတွေနဲ့ ဒီသဘာဝတောင်တောင်ကို အမီပြုနေကြတဲ့ တောတိရစ္ဆာန်တွေပဲ ဒုက္ခရောက်မဲ့ ကြံရာပါတွေသာ စီးပွားဖြစ်မဲ့ ပရမ်းပတာစီမံကိန်းပဲဖြစ်ပါတယ်။ မလေးရှား ဆာဗား၊ ဘော်နီယိုဒေသက တောတောင်တွေ ဘယ်လောက်အမြန်နှုန်းနဲ့ … Continue reading

Posted in For-my-Country | Leave a comment

Gene breakthrough to help farmers hit by tsunami

LIFESTYLE JAN. 30, 2012 – 06:52AM JST ( 38 )                (ဒီဆောင်းပါးကို နာဂစ်နဲ့ ဂီရိမုန်တိုင်းဒဏ်ကြောင့် ဆားငံရေလွှမ်းခံရတဲ့ လယ်သမားများအတွက် အကျိုးများမယ်လို့  မျှော်မှန်းမိတဲ့အတွက် တင်ပေးလိုက်တာပါ။ အဓိကကတော့ ဒီစပါးမျိုးကိုရဖို့ ကြိုးစားပေးရမှာက နိုင်ငံတော်အစိုးရပဲ ဖြစ်ပါတယ်။ ဖတ်မိသူအပေါင်းနဲ့ အတိုက်အခံနိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းအသီးသီးများကလဲ အစိုးရကို တောင်းဆို တိုက်တွန်းသင့်တယ်လို့ ယုံကြည်ကြောင်းပါခင်ဗျား။) A 2011 picture shows a wrecked ship lying … Continue reading

Posted in For-my-Country | Leave a comment

ရွေးကောက်ပွဲအလွန် မြန်မာ့နိုင်ငံရေး (၂)

မောင်ညွန့် (မင်းကျောင်းတိုက်)                  ၁၁ ဒီဇင်္ဘာ ၂၀၁၀ (၂၀၁၁ ဇန္နဝါရီလ ၁ ရက်နေ့ထုတ် ရွှေဗမာသတင်းစာတွင် ကျနော်ရေးခဲ့သော ဆောင်းပါးဟောင်းပါခင်ဗျား) ဒီလဟာ ခရစ်နှစ်အလိုအရ နှစ်သစ်ကူးတဲ့လဖြစ်တယ်၊ကျနော်တို့ မြန်မာများအဖို့တော့ နှစ်သစ်ကူးဟာ တန်ခူးလထဲမှာပေါ့။ သို့သော်လည်း တကယ့်လက်တွေ့ဘ၀မှာ ခရစ်နှစ်ပြက္ခဒိန်နဲ့သာ အလုပ်လုပ်နေကြရတာမို့ အားလုံးကို နှစ်သစ်မင်္ဂလာ နှုတ်ခွန်း ဆက်လိုက်ပါတယ်။ အားလုံး နှစ်လုံး စိတ်ဝမ်း ချမ်းမြေ့ကြပါစေလို့လဲ မေတ္တာပို့လိုက်ပါတယ်။  မျှတတဲ့ ဝေဖန်ရေးဟာ အားဖြစ်တယ် ယနေ့မြန်မာလောကမှာ ဒေါ်စုကို အဝေဖန်မခံနိုင်ကြတာဟာ ဒီမိုက … Continue reading

Posted in Politics | Leave a comment

မိုးကျဒီမိုကရေစီ (သို့မဟုတ်) အပေါ်ကချပေးတဲ့ ဒီမိုကရေစီ

မောင်ညွန့် (မင်းကျောင်းတိုက်) ၁၇ စက်တင်္ဘာ ၂၀၁၀ (အောက်တိုဘာ ၁ ရက်ထုတ် ရွှေဗမာသတင်းစာမှာ ကျနော်ရေးခဲ့တဲ့ ဆောင်းပါးဟောင်းကို ပြန်တင်ပေးတာပါခင်ဗျား) စာတန်းတစ်စောင်ဖြစ်အောင် ရေးဖို့အတွက် အရင်းအမြစ်များ ရှိပေမဲ့ မရေးဖြစ်သေးတဲ့အတွက် တောင်းပန်ပါတယ်။ အခု စစ်အစိုးရကိုကော အတိုက်အခံများကိုပါ သိစေချင်တဲ့ အဓိက အချက်လေးတွေကိုပဲ ဇောင်းပေးပြီး တင်ပြပါမယ်။ အများရဲ့ဆန္ဒကို ကျနော် မသိမဟုတ်ပါ၊ သိပါတယ်။ အများစုက အထူးသဖြင့် ဒီ/ချုပ်နဲ့ သူ့အသိုင်းအ၀န်းကလူတွေက ရှေးမဆွကတည်းက ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကိုရော၊ အခုကျင်းပတော့မဲ့ ရွေးကောက်ပွဲကိုကော သပိတ်မှောက် ဆန့်ကျင်ဖို့ တောက်လျောက် လှုံ့ဆော်နေတာ … Continue reading

Posted in Politics | Leave a comment

မိုးသီးအတွက် ကရုဏာစကားတစ်ခွန်း

မောင်ညွန့် (မင်းကျောင်းတိုက်) ကိုသန်းဝင်းရဲ့ ဖေ့စ်ဘုတ်ခ်မှာ မိုးသီးဇွန်ကို ရှစ်ဆယ့်ရှစ် ခေါင်းဆောင်မဟုတ်ဘူး၊ ဒီ နာမဝိသေသနကို မိုးသီးလို နိုင်အောင်လိုကောင်တွေ သုံးခွင့်မရှိဘူးလို့ ရေးထားတာ ဖတ်လိုက်ရတော့ ကျနော် ခပ်လှမ်းလှမ်းက ပတ်သက်ဖူးတဲ့ မိုးသီးအကြောင်းကို စမြုံ့ပြန်ကြည့်မိပါတယ်။ ကိုသန်းဝင်းတို့ကိုလဲ ပြောချင်ပါတယ်၊ မိုးသီးကို ၈၈၈၈ ကျောင်းသားခေါင်းဆောင်အနေနဲ့ အချိန်တစိပ်တစ်ပိုင်းအထိ အသိအမှတ်ပြုထားပြီးသားပါ။ ဒါဟာ သမိုင်းဖြစ်တယ်။ ငြင်းလို့မရပါဘူး။ ဒီသမိုင်းမှာ ခေါင်းဆောင်နေရာထဲက တစ်နေရာကို ခေတ္တခဏသာရပြီး မြောင်းပုပ်ထဲ ခုန်ချလိုက်တာဟာလဲ သူ့သမိုင်းပဲဖြစ်ပါတယ်။ သာမာန် လောဘ၊ ဒေါသ၊ မောဟဟာ … Continue reading

Posted in General | Leave a comment