နှစ်သစ်မှာ အားလုံး မင်္ဂလာအပေါင်း ခညောင်းကြပါစေ

၂၀၁၂ ခုနှစ် နှစ်သစ်နှုတ်ခွန်းဆက်

အားလုံး မင်္ဂလာပါ။

မင်္ဂလာကြက်သရေအပေါင်းနဲ့ ခညောင်းပါစေ၊ ကိုယ်စိတ်နှစ်ပါး ချမ်းမြေ့ကြည်သာကြပါစေ၊ မတောင့်မတ မကြောင့်မကျရပဲ အသက်မွေးမှု ပြုနိုင်ကြပါစေ၊ တိုင်းနဲ့အဝှန်း ကမ္ဘာနဲ့အဝှန်း ငြိမ်းချမ်းကြပါစေလို့ ပဏာမ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ခင်ဗျား။

ဘာလိုလိုနဲ့ ဒီနေ့ညသန်းကောင်ယံမှာ ၂၀၁၁ ခုက နောက်မှာ ချန်ပြီးနေခဲ့တော့မယ်။ ကမ္ဘာကြီးမှာ ဒို့မြန်မာပြည်မှာ ဘာတွေ ဘယ်ကိုမူတည် ဦးတည်ပြီးပြောင်းခဲ့သလဲ။ အဲဒီအပြောင်းအလဲတွေက လူတွေအတွက် ဘယ်လောက် အရေးပါတဲ့ ပြောင်းလဲချက်တွေလဲ။ ကျနော်မြင်သလောက် ကျနော် ပြန်ကြည့်မိတယ်။

၁။ ကမ္ဘာကြီး ထူးထူးခြားခြား ဘာတွေပြောင်းသလဲဆိုတော့ ဘာမှမပြောင်းလဲဘူး။ အကောင်းဖက် ကို ပြောတာပါ။ ဒါဖြင့် အဆိုးဖက်ကို ဘာတွေပြောင်းနေသလဲဆိုတော့ စုပုံထပ်ဆောင်းအကျိုးတရား (ကျူ မြူလေးတစ် အက်ဖက်) အရ နဂိုရှိနေတဲ့ပြဿနာတွေကို မဖြေရှင်းတဲ့အတွက် ဒါမှမဟုတ် မ ဖြေရှင်းနိုင်တဲ့အတွက် ပဋိပက္ခတွေ ပိုဆိုးလာတယ်လို့ ပြောရမယ်ထင်ပါတယ်။

ဟုတ်ကဲ့၊ အာရပ်နွေဦးတော်လှန်ရေးကြောင့် ကျူနီးရှားတို့ ယီမင်တို့ လစ်ဗျားတို့ အီဂျစ်တို့ လွတ် မြောက်ခဲ့ပြီလို့ စောဒကတက်ကြမယ်ဆိုရင် တကယ်ပဲ ပြောင်းလဲနေပြီလား၊ အဲဒီပြောင်းလဲမှုတွေက တိုးတက်တဲ့ အသွင်သဏ္ဍာန်ဆောင်သလားဆိုတာ ပကတိ နေ့တဓူဝဖြစ်ရပ်တွေနဲ့ ချိန်ထိုးပြီး ခင် ဗျားတို့ကပဲ ဖြေကြပါလို့ တိုက်တွန်းပါရစေ။ ဆူဒန်ကို ၂ ပိုင်းပိုင်းပြီး ၂ နှစ်နိုင်ငံထူထောင်လိုက် တယ်။ စီးပွားရေးသမားတွေ အပြေးသွားကြတယ်။ တကယ် ငြိမ်းချမ်းပြီလား။ ဟုတ်ကဲ့၊ အမြောက် သံ၊ စိန်သံ ဗုံးသံ ဝေဆာနေလေရဲ့။

၂။ ကျနော်တို့ မြန်မာပြည်ကော  ဘာတွေ ပြောင်းလဲခဲ့ပါသလဲ။ ဘယ်လောက်ထိ ပြောင်းလဲခဲ့ပါပြီ လဲ။  အပြောင်းအလဲကတော့ ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲနိုင်တဲ့ စစ်တပ်ပါတီကြီးက ၂၀၁၁ ခု မတ်လမှာ လွှတ်တော်ခေါ်ယူကျင်းပနိုင်ခဲ့တယ်၊ အစိုးရသစ်ဖွဲ့နိုင်ခဲ့တယ်။ ယေဘုယျအားဖြင့် အဲဒီ စစ်ဝတ်စုံချွတ် ၀န်ကြီးတွေ လိုလိုချည်းပါတဲ့ အစိုးရသစ်ရဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးဟောင်း သမ တဦးသိန်းစိန်က မထင်မှတ်တဲ့ အပြောင်းအလဲအချို့ကို လုပ်ခဲ့တယ်။ ဥပမာ၊ မြစ်ဆုံဆည်စီမံကိန်းကို သူ့သမတသက်တမ်းအတွင်း ဆက်မဆောက်ဘူးဆိုပြီး ရပ်ထားလိုက်တယ်၊ နောက် သတင်းနဲ့စာ နယ်ဇင်း လွတ်လပ်ခွင့်ကိုလည်း အနည်းအကျဉ်း ပိုတိုးပေးလိုက်တယ်။ နိုင်ငံရေးအကျဉ်းသား မရှိ တဲ့အတွက် နိုင်ငံရေးလုပ်ရင်းအဖမ်းခံရတဲ့ လူတွေကို ရာဇ၀တ်အကျဉ်းသမားတွေအဖြစ် အနည်း အကျဉ်း ထည့်လွှတ်ပေးလိုက်တယ်။

အထူးသဖြင့် လွှတ်တော်နိုင်ငံရေးထဲကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ၀င်လာနိုင်အောင် ရွေး ကောက်ပွဲဥပဒေထဲက ကုလားကြီးလို့ ခေါ်ဝေါ်သုံးစွဲထားတာတွေကို အရာကြီးလို့ ပြောင်းပေးလိုက် တယ်။ ခုနလေးကအထိ တင်းတင်းမာမာသဘောထားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်က ပါတီ ကိုလဲ မှတ်ပုံပြန်တင်ပြီးပြီ၊ ကြားဖြတ်ရွေးကောက်ပွဲဝင်ဖို့ ကိုယ်တိုင်လဲ စိုင်းပြင်းနေပြီ။

၂၀၀၈ ခုနှစ်ကနေ ဆန့်ကျင်လာတဲ့ အခြေခံဖွဲ့စည်းအုပ်ချုပ်ပုံနဲ့ ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့၊ ပါတီအဖြစ်က ရပ်စဲခံခဲ့တဲ့ လုပ်ရပ်တွေ ပြည်ဖုံးကားချ ပြီးသွားပါပြီ။ ဒီချုပ်ကနေ ခွဲထွက်ပြီး ပါတီထောင်ခါ ရွေးကောက်ပွဲ ၀င်ခဲ့ကြသူတွေနဲ့ တကယ်တော့ အတူတူဖြစ်သွားပါပြီ။ အဓိပ္ဗါယ်ကတော့ ဦးခင်မောင်ဆွေတို့၊ ဦးသိန်းညွန့်တို့၊ ဒေါက်တာသန်းငြိမ်းတို့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို လက်ခံပြီး ရွေးကောက်ပွဲလမ်းကြောင်းကို ရွေးခဲ့တာ မှန်တယ်ဆိုတဲ့သဘောပါပဲ။ (တကယ်တန်းဆိုရင် ဒေါ်စုသာ ဗိုလ်ချုပ်သမီးမဟုတ်ခဲ့ရင် အဲဒီခွဲထွက်တဲ့သူတွေရဲ့ ခေါင်းဆောင် ဟာ ဦးအောင်ရွှေနဲ့ ဦးလွင် ဖြစ်ဖို့ ပိုများပါတယ်)။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီချုပ် ပြန်လည်မှတ်ပုံတင်တာကော ရွေးကောက်ပွဲဝင်ဖို့ကြေ ငြာတာ အားလုံး လုပ်သင့်တာတွေ၊ ၂၀၁၀ ရွေးကောက်ပွဲကတည်းက လုပ်သင့်တာတွေဖြစ်တဲ့အ တွက် ပြည်သူအများစုကလဲ ထောက်ခံပါတယ်။ တိုးတက်မှုပါပဲ။ ကျနော်လဲ အပြတ်ထောက်ခံပါ တယ်။ ကျနော့်အနေနဲ့ ဒေါ်စုကိုယ်တိုင် ရွေးကောက်ပွဲဝင်မှာကိုတော့ အစာမကြေပါ၊ မထောက်ခံပါ။ မကြာခင် ကျနော် ဒေါ်စုတို့ ဦးဝင်းတင်တို့ဆီပို့ထားတဲ့ စာများကို တင်ပေးပါ့မယ်။

စိတ်မချမ်းသာစရာအကောင်းဆုံး သတင်းကတော့ ကချင်ပြည်သူတွေ စစ်ပြေးဘ၀နဲ့ ဒုက္ခလှလှကြီး တွေ့နေတာပါပဲ။ ဒေါ်စုတောင်မှ စည်းထဲဘောင်ထဲဝင်ပြီဆိုရင် သူပုန်တွေလဲ ဝင်ကြဖို့ ထောင်ချင်တဲ့ ပါတီထောင်ပြီး နိုင်ငံရေးလုပ်ကြဖို့ကောင်းတယ်လို့ သုံးသပ်ပါတယ်။

ရက်စက်လှပါချေရဲ့လို့ အများစွပ်စွဲကြတဲ့ စစ်အစိုးရထက်ကို ယုတ်ယုတ်မာမာနဲ့ ရက်ရက်စက်စက် ကျောင်းသားအချင်းချင်းသတ်တဲ့ အတိတ်ကဖြစ်ရပ်တွေ အသေးစိတ် ပြန်ပေါ်လာတာကလဲ အလွန် ပဲ ဝမ်းနည်းစရာ တုန်လှုပ်ခြောက်ခြားစရာဖြစ်ပါတယ်။ ဒါပေမဲ့ အပြစ်ကျူးလွန်ခဲ့သူတွေကို ထိုက် ထိုက်တန်တန် ပြည်တွင်းကော နိုင်ငံတကာခုံရုံးအထိတင်ပြီး အပြစ်ပေးဖို့ကိုတော့ ကျနော်တို့အား လုံး မဖြစ်မနေလုပ်ကြရမဲ့အလုပ်လို့ မြင်ပါတယ်။

စိတ်မကောင်းစရာနဲ့ အလေးပြုချင်စရာကောင်းတဲ့ ဒွန်တွဲဖြစ်ရပ်ကတော့ မနေ့တစ်နေ့က ဖြစ်သွား တဲ့ မင်္ဂလာတောင်ညွန့်က မီးလောင်ပေါက်ကွဲမှုကြီးမှာ အသက်စွန့်ပြီး တာဝန်ထမ်းဆောင်သွားတဲ့ မီးသတ်ရဲဖော်ငါးဦးနဲ့ ကျန်မီးသတ်ရဲဖော်များ၊ ကြက်ခြေနီများ၊ လူမှုအဖွဲ့အစည်းများ အားလုံးပဲဖြစ် ကြောင်းပါခင်ဗျား။

အားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာစွာဖြင့် အောင်မြင်တိုးတက်ကြပါစေ။

ညွန့်ရွှေ

About nyuntshwe

A Myanmar, Buddhist, pacifist, and pragmatic person who believe that we are what we think. That leads him positive thinking and he sees the world a beautiful place, but he still likes to keep trying for a better and more beautiful world.
This entry was posted in General. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s