ရဟန်းတရားမရသေးတဲ့ နိုင်ငံရေးဘုန်းကြီးများအတွက် ဖတ်စာ

အရှင်စန္ဒောဘာသာစာရနှင့် မိတ်ဆွေအပေါင်းတို့၊

ဘုန်းကြီးရဲ့စာက အင်မတန်ရှည်လို့ လုံးစေ့ပါဒ်စေ့ မဖတ်အားသေးပါ။ အပြေးဖတ်ပြီး အဓိကကျတာကိုပဲ ပြန်ပြောလိုက်ပါတယ်။

၁။ ပတ္တနိကုစ္စနကံဆောင်ထိုက်တဲ့ အပြစ် ရှစ်ပါးကို သေသေချာချာကြည့်ပါ။ ဦးအောင်ဆန်းဦးနဲ့ ဘယ်လို ပတ်သက်နေပါသလဲ။ လုံးဝမပတ်သက်ပါ။ ဦးအောင်ဆန်းဦးက ကျုပ်လိုတောင် အလေးထားပြီး လှည့် ကြည့်မှာမဟုတ်ပါ။

၂။ နိုင်ငံရေးဘုန်းကြီးတွေကို မကြိုက်တာနဲ့ အစိုးရလူဖြစ်ရရင် ညွန့်ရွှေဟာ ခေတ်အဆက်ဆက် အစိုးရ လူပေါ့။ ဒီလိုစွပ်စွဲတာကိုက ရဟန်း သံဃာအစစ်မဟုတ်ဘူးဆိုတာ သက်သေခံတာဖြစ်တယ်ဆိုတာ မေ့ နေပုံပေါက်တယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့ ဦးနုတို့က ဘုန်းကြီးတွေ နို်င်ငံရေးထဲဝင်မပါဖို့ မိန့်ခွန်းထဲမှာ ထည့်ပြီး စကားအလှနဲ့တောင်းပန်ပြီးပြောခဲ့တယ်၊ အဲဒီအမေရိကားက ဆေးလ်ဗားစတိုင်းဆိုတဲ့ အထင် ကရပါမောက္ခကြီးကို မေးကြည့်လိုက်။ သူတည်းဖြတ်ထုတ်ထားတဲ့ အောင်ဆန်းလီဂေစီဆိုတဲ့စာအုပ် ရှိတယ်။ ဖတ်။ ဗိုလ်ချုပ်ကြတော့ မပြောရဲံဘူးမဟုတ်လား။

၃။ ဘုန်းကြီးတန်မဲ့ ဦးအောင်ဆန်းဦးရဲ့မိန်းမ မကောင်းကြောင်းကို သွားရည်မမြားမြားကျအောင် ပြောတာ အတော်အံ့သြစရာကောင်းတယ်။ အဲဒီစာကို နောက်တကြိမ် ပီဒီအက်ဖ်ဖိုင်နဲ့ ဘုန်းကြီးကပဲဖြစ်ဖြစ် တဦးဦး ကပဲဖြစ်ဖြစ် ပြန်ပို့ပေးစေချင်ပါတယ်။ ညွန့်ရွှေက ပန်းသီးကွန်ပျူတာသုံးတော့ စင်းလုံးချော ဖတ်လို့မရဘူး။ သမိုင်းဝင် သိမ်းထားချင်လို့ပါ။ ဘယ်နှယ်ဗျာ၊ ဘုန်းကြီးက ခုလိုမျိုးရေးမှတော့ သွားပြီပေါ့။ ဦးအောင်ဆန်း ဦးကျတော့ ဗီဇကတော့မှန်တယ်ဆိုပြီး ဆင်ဝှေ့ရန်ရှောင်လုပ်လိုက်သေးတယ်။ ဘုန်းကြီးမှဝတ်နေရင် သတ္တ၀ါတဦးခြင်းဟာ သူ့အကြောင်းခံနဲ့သူ လူလာဖြစ်တာ၊ ဘယ်သူ့သားသမီးဖြစ်လို့ အဲလို ဖြစ်ရမယ်ဆို တာ တထစ်ချမရှိဘူးဆိုတာလောက်တော့ သဘောပေါက်သင့်တယ်။ ကျေးသားညီနောင်ဇာတ်ကို ကြည့်။

၎။ အချိန်မပေးနိုင်လို့ ပိဋကတ်မြန်မာပြန်ထဲက တေးထားတာတွေ အကုန်တင်မပေးနိုင်သေးဘူး။ နောင် လာမယ်။ ကျုပ်လဲ ကျောင်းပြီးတော့မယ်။ ရက်ပိုင်းပဲ ကျန်တော့တယ်။ ပိဋကတ်နဲ့ပဲ ကိုင်ပေါက်မယ်။

ညွန့်ရွှေတို့က ပုထုဇဉ်ပီပီ ငါတို့နိုင်ငံက ဘုန်းကြီးတွေဟာ ၀ိနည်းကိုလေးစားကြတယ်၊ တရားအားထုတ် လွန်းလို့ အခုဆိုရင် မဂ်ဆိုက်တဲ့ ဘုန်းကြီးတွေ အများကြီးပဲ၊ အဲဒီကိုယ်တော်တွေဆီမှာ ခင်ဗျားတို့ရဲ့ ယုံ မှားသံသယတွေ လာဖျောက်ကြ၊ စိမ်ခေါ်ချင်သပဆိုရင် စိမ်ခေါ်ကြလို့ လက်ခမောင်းခတ်ချင်တယ်။ ခုလို လုပ်နေပုံနဲ့ကတော့ ဘာသာခြားတွေ အထင်သေးစရာကလွဲလို့ ဘာမှ အနှစ်မပါဘူး။ ကြက်ဆူတွေချည်းပဲ။

၅။ ခုန ကံဆောင်တဲ့ဘက်ကိုပြန်လှည့်ဦးမယ်။ ဒီ လက်တဆုပ်စာ နိုင်ငံရေးဘုန်းကြီးတွေ ကံဆောင်တော့ ကော ဘာဖြစ်လဲ၊ ဗမာပြည်မှာ ရဟန်းသံဃာ ၄၀၀.၀၀၀ (လေးသိန်း) ၀န်းကျင်ရှိတယ်။ အခု နိုင်ငံရေး ဘုန်းကြီးတွေက ပြည်တွင်းက ကိုယ့်ဖာသာနေကြ၊ တရားအားထုတ်ကြတဲ့ပုဂ္ဂိုလ်တွေကိုတောင် မကောင်း ပြောချင်သေးတယ်။ အဲလို အများသဘောမညီတဲ့ ဂိုဏ်းဂနတွေ ထောင်တာကမှ သံဃာကို သင်းခွဲသူဖြစ် တယ်။ ပါရာဇိကထိုက်ပြီး အ၀ီစိ ဂျိုး (ချိုး) ကပ်မယ်။ အခု အောက်မှာ ဘုရားရှင်လက်ထက်က မယောင်ရာ ဆီလူးနေတဲ့ ရဟန်းတွေကို ဗုဒ္ဓက ဘယ်လိုပြောတယ်ဆိုတာ ဗဟုသုတဖြစ်အောင် ထည့်ပေးလိုက်တယ်။ နောင်လဲ လာမယ် အများကြီးရှိတယ်။ ဖတ်လေ တွေ့လေပဲ။

(အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန်)

ဘဒ္ဒကသုတ်

“ငါ့သျှင်တို့ ဤသာသနာတော်၌် ရဟန်းသည် အမှုနှိုက် မွေ့လျော်၏၊ အမှု၌ ပျော်ပိုက်၏၊ အမှု၌ မွေ့ လျော်သည့်အဖြစ်ကို အဖန်ဖန်အားထုတ်၏၊ စကားပြောဟောခြင်း၌ မွေ့လျော်၏၊ စကားပြောဟောခြင်း၌ ပျော်ပိုက်၏၊ စကားပြောဟောခြင်း၌ မွေ့လျော်သည့်အဖြစ်ကို အဖန်ဖန်အားထုတ်၏၊ အိပ်ခြင်း၌ မွေ့ လျော်၏၊ အိပ်ခြင်း၌ ပျော်ပိုက်၏၊ အိပ်ခြင်း၌ မွေ့လျော်သည့်အဖြစ်ကို အဖန်ဖန်အားထုတ်၏၊ အပေါင်းအ ဖေါ်၌ မွေ့လျော်၏၊ အပေါင်းအဖေါ်၌ ပျော်ပိုက်၏၊ အပေါင်းအဖေါ်၌ မွေ့လျော်သည့်အဖြစ်ကို အဖန်ဖန် အားထုတ်၏၊ နှီးနှောမှု (ငါးမျိုး) ၌ မွေ့လျော်၏၊ နှီးနှောမှု၌ ပျော်ပိုက်၏၊ နှီးနှောမှု၌ မွေ့လျော် သည့်အဖြစ်ကို အဖန်ဖန်အားထုတ်၏၊ ချဲ့ထွင်မှု ပပဉ္စတရား၌ မွေ့လျော်၏၊ ချဲ့ထွင်မှု၌ ပျော်ပိုက်၏၊ ချဲ့ ထွင်မှု၌ မွေ့လျော်သည့်အဖြစ်ကို အဖန်ဖန်အားထုတ်၏။”

“ငါ့သျှင်တို့၊ ဤသို့လျှင် ရဟန်းသည် ကောင်းသောသေခြင်း ကောင်းသောကွယ်လွန်ခြင်း မဖြစ်နိုင်သော အခြင်းအရာဖြင့် နေခြင်းကို ပြု၏။” (နှာ၊ ၃၃၆)။

အခု ညွန့်ရွှေရဲ့အာဘော်လာမယ်၊ ဆက်ဖတ်ပါ။

ဆင်ခြေအဖန်ဖန်ပေးခြင်းအမှု၌ မွေ့လျော်ကုန်သော၊ ဗုဒ္ဓ၏စကားကို ဝေ့လည်ကြောင်ပတ် ရှောင်ရှား ပြောဆို ငြင်းခုန်မှု၌ ပျော်ပိုက်သော၊ အင်တာနက်၌ ပျော်ပိုက်သော၊ ရေဒီယို၊ တီဗွီတို့၌ ပျော်ပိုက်သော၊ မွေ့လျော်သော၊ တက္ကသိုလ်တက်ခြင်းကို သာယာသော၊ အပျော်ခရီးသွားခြင်း၌ မွေ့လျော်ပျော်ပိုက် ကုန်သော၊ ငွေတိုငွေစကိုင်တွယ် သုံးစွဲခြင်း၌ အရသာတွေ့နေသော၊ ဆွမ်းမခံပဲ ပိုက်ဆန်ဖြင့် ၀ယ်စားခြင်း အလေ့၌ ဇိမ်တွေ့နေကြသော၊ ၀တ္ထုပစ္စည်းကို သိုမှီးမှု၊ ကထိန်သင်္ကန်းကိုပင် ပြန်ရောင်းစားမှု၌ အကြိုက် တွေ့နေကြသော၊ အပတ်တကုတ် တရားအားထုတ်ရန်ကိုမူ မေ့လျော့ပျင်းရိကုန်သော၊ သို့မဟုတ် တမင် မသိကျိုးကျင်ပြု၍ ဗုဒ္ဓကို လက်အုပ်ချီလျက်၊ ကိုယ်အမူအယာ၊ပါးစပ်အမူအရာ၊ စိတ်အမူအရာတို့ဖြင့် ကန့်လန့်တိုက်နေကြသော၊ အို၊ နိုင်ငံရေးဘန်းပြ ဘုန်းကြီးအပေါင်းတို့ ဗုဒ္ဓပြောသည့် ကောင်းသောသေ ခြင်းမဟုတ်ဆိုသည်ကို တပည့်တြော် မောင်ညွန့်ရွှေက အပါယ်လားမည့်သေခြင်းဟု အနက်ကောက်ယူ ပါသည်၊ မှန် မမှန် ချင့်ချိန် စဉ်းစားကြပါကုန်။

အားလုံးအမြင်မှန်ရကြလျက် အနည်းဆုံး တမဂ်တဖိုလ်ပေါက်အောင် ကျင့်ကြံနိုင်ကြပါစေ၊ အပါယ်ကျမည့်ဘေးမှ သီသီလေးဖြစ်ဖြစ် ကပ်ပြီး လွတ်ကြပါစေသောဝ်။

သဗ္ဗေသတ္တာ ကံမ္မသကာ

သနားကရုဏာတော်ဖြင့်

ညွန့်ရွှေ

၎ ဖေဖေါ်ဝါရီလ ၂၀၁၀

About nyuntshwe

A Myanmar, Buddhist, pacifist, and pragmatic person who believe that we are what we think. That leads him positive thinking and he sees the world a beautiful place, but he still likes to keep trying for a better and more beautiful world.
This entry was posted in Critiques. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s