နိုင် ငံရေးဘုန်းကြီး အလိုမရှိ

TUESDAY, FEBRUARY 2, 2010

မောင်ညွန့် (မင်းကျောင်းတိုက်)

ဘုန်းကြီးနဲ့ဘီး (၂) (နဲနဲ ခပ်စပ်စပ်ကလေးတွယ်လိုက်တယ်)

ပြန်မရေး မဖြေရှင်းပြန်ရင်လဲ “ဟာ- – ဦးပညာဇောတ တွယ်ထည့်လိုက်တာ ဦးညွန့်ရွှေတစ်ယောက် အင်တာနက်ကနေ ပျောက်ပြီး မှောက်သွားပြီလို့ နုံနဲ့သူတွေက လက်ခမောင်းခတ်ကြပေလိမ့်မယ်။ ဦးပညာဇောတတင်မဟုတ်ပါဘူး၊ မယောင်ရာ ဆီလူးနေတဲ့ ဘုန်းကြီးတွေအားလုံးကို ဗုဒ္ဓမျက်နှာတော်ကို စေ့စေ့ကြည့်ပြီး သံဝေဂ (အများစုကတော့ ယူနိုင်မယ်မထင်ပါ၊ ဒါလဲ နိုင်ငံရေးဘုန်းကြီးတွေကိုသာ ဆိုလိုပါတယ်) ယူနိုင်အောင်၊ နိုင်ငံရေးနဲ့ ဘာသာရေးကို လေနဲ့ဝမ်းနဲ့မကွဲပဲ သံယောင်ပဲလိုက်နေသူတွေလဲ ဗဟုသုတဖြစ်အောင်၊ ရှာမှီးချင်အောင် အချိန်မရတဲ့ကြားက မိုးကြိုးနဲ့ခွင်းလိုက်ရပါတယ်။

၁။ တစ်မဂ်တစ်ဖိုလ်နား မသီနိုင်သေးပဲနဲ့ ကိုယ့်ကိုယ်ကို ဗုဒ္ဓလုပ်သလို ငါတို့လိုက်လုပ်မယ်လို့ မလောလိုက်နဲ့၊ ငရဲတံခါး အပါယ်တံခါးက ပိတ်ထားတာမရှိ။ ဗုဒ္ဓက စရိယသုံးဆင့် ဆည်းပူးကျင့်တယ်ဆိုတာ ဗုဒ္ဓအဖြစ် ရောက်ပြီးမှ ကျင့်တာဖြစ်တယ်။ မဖြစ်ခင်က ခြောက်နှစ်လုံးလုံး အပတ်တကုတ် သေလုမျောပါးအားထုတ်တယ်။ သေသေချာချာ စဉ်းစား။

၂။ ဗုဒ္ဓက ရဟန်းတွေအတွက် ၀ိနည်းဆိုတဲ့စည်းကမ်းတွေ ထားခဲ့တယ်။ ၂၂၇ သွယ်သော သိက္ခာပုဒ်တွေလို့လဲ သုံးကြတယ်။ အဂ္ဂမဟာပဏ္ဍိတဆရာတော်ဘုရား ရှင်ဇနကာဘိဝံသက ၀ိနည်းကို ဘာနဲ့နှိုင်းသလဲဆိုရင် ထောင်ထားတဲ့အပ်ဖြားပေါ်မှာ တင်ထားတဲ့ မုံညင်းစေ့နဲ့ နှိုင်းထားတယ်။ အင်မတန် သိမ်မွေ့တယ်၊ အတိမ်းအစောင်းမခံဘူး၊ ဒါ့ကြောင်း ရဟန်းတွေဟာ လူတွေရဲ့ ဝေယျာဝစ္စမှာ မကူညီကောင်းဘူးတဲ့၊ လူတွေရဲ့အမူအရာတွေနဲ့ ဘာမှ မတူစေချင်ဘူး၊ တဲ့။[1]

၃။ ဘုန်းကြီးရဟန်းဘ၀ရောက်တာနဲ့ ဖိုးဟောချင်ဖြစ်တာ မြန်မာပြည်မှာတော့ ရိုးနေပြီ။ လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကျော်က မကောင်းသတင်းလဲ မျိုးစုံထွက်တဲ့ ရုပ်ရှင်မင်းသား ကျော်ဟိန်း သင်္ကန်းဝတ်ပြီး မြို့ပေါင်းတစ်ရာကျော် လိုက်ပြီး တရားဟောပါရောလား။ ဒါတွေဟာ ဗုဒ္ဓရဲ့အဆုံးအမနဲ့ ဘယ်လောက်တောင် ဖီလာဖြစ်နေတယ်ဆိုတာ မဆန်းစစ်ကြဘူး။ သင်္ကန်းဝတ်တာနဲ့ ပြောချင်ရာပြောလို့ရတယ်လို့မှတ်နေကြတဲ့ သင်္ကန်းဝတ်တွေကများတယ်။ လောဟိစ္စသုတ်မှာ ဗုဒ္ဓက ဒီလိုဟောထားတယ်၊ အောက်မှာ အကျဉ်းမျှ ဖော်ပြပေးလိုက်တယ်၊ အသေအချာဖတ်။

၎။ “လောဟိစ္စ လောက၌ အပြစ်တင် စောဒနာထိုက်သော ဤဆရာသုံးဦးရှိကုန်၏၊ ယင်းဆရာတို့ကို တစ်စုံတစ်ယောက်က အပြစ်တင် စောဒနာသည်ရှိသော် (ထိုသူ၏) ထိုအပြစ်တင် စောဒနာချက်သည် ဟုတ်မှန်၍ တရားနှင့်လျော်ပေ၏၊ အပြစ်လည်းမရှိပေ။”[2] လို့ အစချီပြီး၊ ရဟန်းဆိုတာ ရဟန်းဖြစ်ကျိုး၊ ရဟန်းကိစ္စမပြီးပဲ နာချင်သူကိုပဲဖြစ်ဖြစ် မနာချင်သူကိုပဲဖြစ်ဖြစ် ဘယ်သူ့ကိုပဲဟောဟော “ဤဟောပြောခြင်းကို ယုတ်မာသောလောဘတရားဟု (ငါ)ဆို၏” လို့ ပိဋကတ်မြန်မာပြန်မှာ ဆိုထား မိန့်ထားတယ်။ ဘယ် နိုင်ငံရေးရဟန်းမဆိုငြင်းချင်သပဆိုရင် မြန်မာပြည်တွင်းမှာ ကိုယ့်ရဟန်းအလုပ်ကိုသာကိုယ်လုပ်နေကြတဲ့ အများစုသံဃာတော်တွေထဲက ပဋိယတ် ပဋိပတ်ကို အားထုတ်ကျင့်ကြံနေတဲ့ ဆရာတော်များကို မေးလျောက်ကြပါ။ အဲလို ရဟန်းဖြစ်ကျိုးမရပဲ ဟောတဲ့ရဟန်းတွေကို ဘာနဲ့ဥပမာနှိုင်းထားသလဲဆိုတော့၊ “ဟောပြောခြင်းကို အလိုမရှိ၍ ဆုတ်ခွာသွားသော လုံမကို လိုက်၍ကပ်သည်နှင့်တူ၏” တဲ့။ “ဤဟောပြောခြင်းသည် မိမိလယ်ကိုစွန့်၍ သူတစ်ပါးလယ်ကို ပေါင်းသင်အပ်သည်ဟု မှတ်ထင်သည်နှင့်တူ၏” တဲ့။ “ဤဟောပြောခြင်းသည် အနှောင်အဖွဲ့ဟောင်းကိုဖြတ်၍ အခြားအနှောင်အဖွဲ့သစ်ကို ပြုသည်နှင့်တူ၏၊ (ထို့ကြောင်)့ ဤဟောပြောခြင်းကို ယုတ်မာသော လောဘတရားဟု (ငါ) ဆို၏”[3] တဲ့။ ကဲ၊ မှတ်ကရော့။

၅။ တရားမဟောထိုက်တဲ့ ပုဂ္ဂိုလ်တွေကို မြွက်ဟပြီးတဲ့နောက် ဗုဒ္ဓက တရားဟောထိုက်တဲ့၊ ဟောရင် အပြစ်မရှိတဲ့ ပုဂ္ဂိုလ်သုံးပါးကိုလဲ ထင်ရှားဟောတော်မူတယ်။ အဓိကကတော့ ရဟန်းဖြစ်ကျိုးရပြီးသူ၊ တနည်းအားဖြင့် ရဟန်းကိစ္စပြီးသူတဲ့။ အကျဉ်းဆိုရရင်၊ ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်တွေကို ၀င်စားကျင့်ကြံနေတဲ့ရဟန်းများဖြစ်သတဲ့။ မြတ်သောတရားအထူးကို ရနေသူ၊ သီလနှင့်ပြည့်စုံသူတဲ့။ ဦးပညာဇောတနဲ့အပေါင်းပါကိုယ်တော်များ ကိုယ်ဘယ်အဆင့်လဲဆိုတာ မှန်ကန်စွာ ဆင်ခြင်စဉ်းစားဖို့ လျောက်ထားလိုက်ပါတယ်။

၆။ အမှတ် ၅ မှာဖော်ပြတဲ့ ရဟန်းမျိုးကို အပြစ်တင်ရင် စောဒကတက်ရင် အပြစ်ရှိတယ်။ အပိုဒ် ၄ မှာ ဖော်ပြထားတဲ့ အခုခေတ် နိုင်ငံရေးယောင်ယောင် ရဟန်းမျိုးတွေကို အပြစ်တင်ရင် စောဒကတက်ရင် အပြစ်မရှိဘူးလို့ ဗုဒ္ဓကိုယ်တော်တိုင်က ဟောကြားထားတယ်။ ညွန့်ရွှေက ဟိုစပ်စပ် သည်စပ်စပ်ဘုန်းကြီးတွေထက်၊ ပုဆိုးဝတ် ထမီဝတ်တွေထက် ဗုဒ္ဓရဲ့အာဘော်ကို အလေးအနက်ထားတယ်၊ ဒါ့ကြောင့်လဲ မကြောက်မရွံ့ပြောလိုက်တယ်။

၇။ နိဂုံးချုပ်ရရင် ဘုန်းကြီးနဲ့လူမှုရေး၊ နိုင်ငံရေး လားလားမျှ မအပ်စပ်ပါ။ ရဟန်းဖြစ်ကျိုးရအောင် အားထုတ်ဖို့ အချိန်တွေ အလဟသဖြုန်းမပစ်ကြပါနဲ့။ လောကကော သံသရာပါ ကောင်းအောင် တရားထိုင်ကြပါ။ အသံတွေ အဆင်းတွေကြားထဲမှာ နစ်နေသမျှ နိဗ္ဗာန်နဲ့ ဝေးသွားတာ အကြောင်းမဟုတ်ပေမဲ့ သေတာနဲ့ ငရဲမှာ၊ အ၀ီဇိမှာ[4] ချိုး (ဂျိုး) ကပ်သွားမှာကိုတော့ ကြောက်သင့်ပေကြောင်း သနားသဖြင့် ပြောလိုက်ရပေကြောင်း။

ကျမ်းကိုးစာရင်း

[1] သာသနာပြုသြ၀ါဒတရားတော်များ၊ ၁၉ ၈၃၊ သာသနာရေးဦးစီးဌာန၊ နှာ၊ ၃၀၅။

[2] မဇ္ဈိမနိကယ်လို့ထင်တယ်၊ သုတ္တန်ဒေသနာထဲက။ အင်တာနက်ကနေ ပုံနှိပ်ယူထားတာ၊ အပိုဒ် ၅၁၄ ကနေ ၅၁၇ အထိရှုပါ။

[3] မျက်တောင်ကွင်းခပ်ထားတာအားလုံး ပိဋကတ်မြန်မာပြန်ထဲက မူရင်းဖြစ်တယ်။

[4] သာသနာပြုသြ၀ါဒတရားတော်များ၊ ၁၉ ၈၃၊ သာသနာရေးဦးစီးဌာန၊ နှာ၊ ၃၀၀

About nyuntshwe

A Myanmar, Buddhist, pacifist, and pragmatic person who believe that we are what we think. That leads him positive thinking and he sees the world a beautiful place, but he still likes to keep trying for a better and more beautiful world.
This entry was posted in Critiques. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s