နိုင်ငံရေးဘုန်းကြီး အလိုမရှိ

မောင်ညွန့် (မင်းကျောင်းတိုက်)

ဘုန်းကြီးနဲ့ဘီး အမြင်မတော် (၁)

ဒေါ်စုအိမ်ပြင်တဲ့ကိစ္စကို ကန့်ကွက်တာကို ကျနော်လဲ စိတ်မကောင်းဖြစ်မိတယ်၊ ဦးအောင်ဆန်းဦးအနေနဲ့ မလုပ်သင့်ဘူးလို့လည်း ထင်တယ်။ မောင်နှစ်မနှစ်ဦးကြားမှာ တခြားမကျေနပ်တာတွေ ရှိကောင်းရှိနိုင်ပါ တယ်။ ဒါပေမဲ့ ခုလောက်တောင် ယိုယွင်းနေတဲ့ အိမ်ကို ပြင်ဆင်တာမျိုးကိုတော့ (ခုထိ နှစ်ဦးပိုင်တယ်လို့ ယူဆရင်) အိမ်ပြင်ခငွေတောင် အချိုးကျစိုက်သင့်တဲ့သဘောရှိပါတယ်။

အစိုးရကလဲ ဒီကိစ္စမှာ ဘက်မ လိုက်သင့်ဘူးလို့ ကျနော် ထင်တယ်။ ဥပဒေပညာရှင်မဟုတ်လို့ ပုဒ်မတပ်ပြီး မကိုးကားနိုင်ပေမဲ့ ကြားဖူးတာကတော့ နိုင်ငံခြားသားဟာ မြန်မာပြည်က မြေယာ မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်း ပိုင်ဆိုင်ခွင့်မရှိဘူး မဟုတ်လား။

သို့သော်လည်း ဒါတွေက တကဏ္ဍ။ ဘုန်းကြီး ရဟန်းများနဲ့ ဒီအမှု ဘာမှမဆိုင်ဘူး။ လူမှုရေးထဲမှာ ၀င်မစွက် ရဘူးလို့ မဟာဂန္ဓာရုံဆရာတော် ရှင်ဇနကာဘိဝံသ ပျံလွန်တော်မမူခင်က အာပေါက်အောင် ဟောခဲ့ ပြော ခဲ့၊ မနက်ခင်း သြ၀ါဒများထဲမှာလဲ ထည့်သွင်းပုံနှိပ်ချန်ရစ်ခဲ့တယ်မဟုတ်ပါလား။ နိုင်ငံရေးဘုန်းကြီးတွေ တရားဘာဝနာကိစ္စကိုတော့ ဒီလောက်အားမသွန်ကြဘူး၊ ပြောပြန်ရင်လဲ ကပ်က ဆုတ်ကပ်၊ အရင်နဲ့မတူ ဘူး၊ နိဗ္ဗာန်ရောက်အောင် ကျင့်လို့မရဘူး ဘာညာ ဆင်ခြေတွေ ပေးဦးမယ်။ အရိုးကြေကြေ အရေခန်းခန်း မဂ်ဖိုလ်ဆိုက်အောင် ကျင့်ကို ကျင့်မယ်ဆိုတဲ့ အလုပ်ကတော့ စိတ်ကူးထဲတောင် မကူးကြဘူး။

ဒါ့ကြောင့်လဲ ဒီဘက်ခေတ်မှာ တရားပေါက်တဲ့ ကိုယ်တော်ဆိုတာ မကြားဘူးဘူး။ သိပ်မဝေးတဲ့ ဟိုတခေတ် တုန်းကတောင် စွန်းလွန်းဆရာတော်၊ ညောင်လွန့်ဆရာတော်၊ စသဖြင့် နိုင်ငံအ၀ှန်းကြည်ညိုတဲ့ ရဟန်းတော် တွ ပေါ်ထွက်ခဲ့တယ်။ ခုဟာက ရဟန်းနဲ့မဆိုင်တဲ့ အင်တာနက်လုပ်လားလုပ်၊ ခေတ်ပညာတွေ သင်လားသင်၊ ကြေငြာချက်တွေ တစ်စောင်ပြီးတစ်စောင်ထုတ်လားထုတ်နဲ့ ဟိုတလောက ဖတ် လိုက်ရတဲ့ ဒလတောရွာက ဆရာတော်နဲ့ရွာသားတွေလို ဖြစ်နေပြီ။ အဲဒီဘုန်းကြီးတာ ဘာကံဆောင်ဆောင် ဦးအောင်ဆန်းဦးတို့ လင်မယားက အိပ်ရေးလဲမပျက်ဘူး။ သတိလဲထားစရာ စိုးရိမ်စရာမဟုတ်ဘူး။

ခုဟာက နဲနဲလွန်လာလို့ မပြောမပြီးလို့သာ ပြောလိုက်ရတာ။ နိုင်ငံရေးဝါသနာကြီးရင်လဲ သတ္တိရှိရှိ လူထွက် ပြီး လုပ်ကြပေါ့။ ပါတီတွေက ကြိုဆိုကြမှာပါ။ ကျုပ်ကိုယ်တိုင်လဲ အဲဒီအခါကျရင် အင်တာနက်ကနေရော တွေ့သမျှ အသိအကျွမ်းကိုရော ပြောပြ ချီးကြူးမှာပါ။ ခုလို ဘုန်းကြီးရဟန်းနဲ့ မဆိုင်တာတွေ ၀င်စွက် နေတာကိုတော့ မသင့်ဘူးလို့ ပြောင်ပြောင်ပဲပြောလိုက်တယ်။ မကြိုက်ဘူး။ ဒါ့ကြောင့်လဲ ဗုဒ္ဓဘာသာကို နားမလည်တဲ့ ဘာသာခြားတွေက အတွင်းကော အပြင်ပါ အထင်သေးလာကြတာ။ ဒါပဲ။

၂ ဖေဖေါ်ဝါရီ ၂၀၁၀

About nyuntshwe

A Myanmar, Buddhist, pacifist, and pragmatic person who believe that we are what we think. That leads him positive thinking and he sees the world a beautiful place, but he still likes to keep trying for a better and more beautiful world.
This entry was posted in Critiques. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s